အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေကို နှစ်နိုင်ငံအပစ်ရပ်ဖို့ ဖုန်းခေါ်ပြီး ပြောဆိုခဲ့ရာ အပစ်ရပ်ဖို့ သဘောတူညီမှုရရှိပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲဖို့ ကြားဝင်ညှိနှိုင်းပေးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားထားပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်တို့နဲ့ ဆွေးနွေးခဲ့ပြီးနောက် ချက်ချင်းတွေ့ဆုံကာ ဆွေးနွေးဖို့နဲ့ ငြိမ်းချမ်းရေးရယူဖို့ နှစ်နိုင်ငံစလုံး သဘောတူခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။

အမေရိကန်ဟာ အဆိုပါနှစ်နိုင်ငံစလုံးနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ လုပ်ဆောင်ဖို့ ကြိုးပမ်းနေပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေရင် သဘောတူညီချက်တွေ ရှိမှာမဟုတ်ဘဲ ငြိမ်းချမ်းရေးရတဲ့အခါ နှစ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ထရမ့်က ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကအယောက် ၂၀ သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ကမ္ဘောဒီးယားဘက်ကလည်း ၁၃ ယောက်သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး နှစ်နိုင်ငံစလုံးမှာ လူပေါင်း တစ်သိန်းကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ နယ်စပ်မှာ တိုက်ပွဲဖြစ်တာ လေးရက်မြောက်ပြီဖြစ်တဲ့ ဇူလိုင် ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာ ကမ္ဘောဒီးယားက ထိုင်းဘက်မှာရှိတဲ့ လူနေအိမ်ရှိတဲ့နေရာတွေကို လက်နက်ကြီး စတင်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာပဲ ပိတ်မိမနေဖို့နဲ့ စစ်ကောင်စီကို နေရာပေး ဆက်ဆံမှုတွေ ရပ်ဖို့ အရပ်ဘက်အဖွဲ့ ၂၆၀ ကျော်က အာဆီယံကို တိုက်တွန်းတောင်းဆို

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်တွေကို ကျော်လွန်လုပ်ဆောင်ကာ စစ်ကောင်စီနဲ့  ထိတွေ့ဆက်ဆံနေမှုကို အမြန်ဆုံး ရပ်တန့်ဖို့  အရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ထိုင်းမှာနောက်လလုပ်ဖို့ စီစဉ်ထား

ထိုင်းအစိုးရအနေနဲ့ မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို နောက်လမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အတည်ပြုရက် မသတ်မှတ်နိုင်သေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
Read More

ဘယ်လာရုစ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် စစ်လက်နက်ပစ္စည်း ထောက်ပံ့ရေးလုပ်ငန်း တိုးချဲ့နိုင်ဟု JFM ထုတ်ပြန်

မြန်မာနိုင်ငံကိုလာမယ့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုရဲ့ ခရီးစဉ်မှာ စစ်လက်နက်ပစ္စည်းထောက်ပံ့တာသာမက စစ်ဘက်ဆိုင်ရာပညာနဲ့ လေ့ကျင့်သင်ကြားရေးအတွက်ပါ နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့လာနိုင်တယ်လို့ Justice For Myanmar က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

အာဆီယံထိပ်သီးစည်းဝေးပွဲ တက်ရောက်ရန် မလေးရှားနိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဲဖို့စ်ဝမ်းလေယာဥ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ နိုင်ငံတကာလေဆိပ်မှာ ဆိုက်ရောက်ခဲ့ပြီဖြစ်ပြီး သမ္မတထရမ့်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကိုယ်တိုင် ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။
Read More

ထရမ့်ကြားဝင်မှုအပြီး အပစ်ရပ်ဖို့ ထိုင်းနှင့် ကမ္ဘောဒီးယား ကနဦးသဘောတူခဲ့ပေမယ့် နှစ်ဖက် ဆက်လက် တိုက်ခိုက်နေ

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်ခဲ့ပြီးနောက် နှစ်ဖက်နိုင်ငံတွေက အပစ်ရပ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် ဇူလိုင်လ ၂၇ ရက်၊ ပဋိပက္ခ ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။