”တပ်ထဲမှာ နှစ်ရှည်လများ ၁၅ နှစ်၊ အနှစ် ၂၀ ထမ်းဆောင်တဲ့သူတွေတောင်မှ အခုလိုမျိုး ပြေးချင်နေတာ ကျနော်တို့လို မနေ့တနေ့ကမှ ထမ်းဆောင်ရသူတွေဆို ပိုဆိုးတာပေါ့။ ဒါကြောင့်လည်း ကျနော်ဆုံးဖြတ်ချက်ချပြီး အလင်းဝင်လာချင်ဖြစ်တယ်။ ပြီးတော့ ကျနော်တစ်ဦးတည်း အလင်းဝင်ချင်တာမဟုတ်ဘူး။ ၁၀ နှစ်၊ ၁၅ နှစ် ကောင်တွေတောင်မှ လွတ်မြောက်နယ်မြေမှာ အေးရာအေး ကြောင်းနေဆိုရင် ထိပ်ဆုံးကပြေးမယ့်ကောင်တွေ။ ကျနော်တို့ ပစတွေဆို မပြောတော့နဲ့ပေါ့နော်။ ၂ နှစ်ပြည့်လို့မှ သူတို့ဖက်က ကတိမတည်ဘူးဆိုလို့ရှိရင်၊ သူတို့ကတိမတည်ဆိုတာကိုလည်း ကျနော်ယုံတယ်။ အဲဒါကလည်း ဒီ ၂၀၂၆ လေးလပိုင်း ၈ ရက်နေ့ဆိုရင်မှာပေါ့”

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ တမူးခရိုင် ၊ အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မြို့သစ်မြို့နယ်၊ မင်းသာကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒကစ (ကလေး) လက်အောက်ခံ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် နေဝင်းထွန်း(ခ)ကိုပိုင်ဟာ ဇူလိုင် ၁၁ ရက်က တမူးခရိုင် အမှတ် ၂ တပ်ရင်းဆီ လက်နက်မပါဘဲ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

Video-တမူးခရိုင် ၊ အမှတ် -၂ တပ်ရင်း

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် (ရတခ) လက်အောက်ခံ ခလရ (၂၄) ကိုယ်ပိုင်အမှတ်-ပစ/တပ်သား- ရန်အောင်မိုး၏ ပြောကြားချက် (ရုပ်/သံ)

“တောင်ဒဂုံမြို့နယ်မှာ နေပါတယ်။ အုပ်ကြီးက ကျနော့်ကို ကြည့်မရပါဘူး။ မင်းကို ဆင့်ခေါ်စာပါတယ်ဆိုပြီး ကျနော့်ကိုခေါ်ပါတယ်။ မဲလည်း မနှိုက်ရဘူး။ လှည်းကူးကို တစ်နေ့ပဲ ညနေ ဆို ပြန်လာရမယ်ဆိုပြီး လွှတ်လိုက်တာ ဘုရင့်နောင်စုဆောင်းရေးကို ရောက်သွားပါတယ်။ ကျနော် ကိုယ်ပိုင်စိတ်ဆန္ဒနဲ့ ဝင်တာမဟုတ်တဲ့အတွက် ပျော်ရွှင်မှုမရှိပါဘူး။ ကြီးနိုင်ငယ်ညှင်းပေါ့။ ပစတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အများကြီးရှိပါတယ်''
Read More

People’s Healthcare Network (Kalay) တိုက်နယ်ဆေးရုံမှာ ပြင်ပလူနာနှင့် အတွင်းလူနာ စုစုပေါင်း ၂၈၇ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ People's Healthcare Network (Kalay) ရဲ့ တိုက်နယ်ဆေးရုံမှာ ပြင်ပလူနာနဲ့ အတွင်းလူနာ စုစုပေါင်း ၂၈၇ ယောက်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ People's Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDF – Asho မှ ဖမ်းမိထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မေးမြန်းချက် (ရုပ်/သံ)

CDF - Asho က ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ စားသောက်နေထိုင်ရေး အခြေအနေတွေကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
Read More

သူငယ်ချင်းဖြစ်သူ ဘီယာသောက်ဖို့ ခေါ်ဆောင်ရာကနေ စစ်ကောင်စီတပ်ထံ ရောင်းစားခံခဲ့ရသည့်တပ်သား နေသူရမျိုး (ရုပ်/သံ)

စစ်ကောင်စီတပ်သား နေသူရမျိုးဟာ အာရက္ခတပ်တော် (AA)ထံ ဇူလိုင် ၂၇ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့ကြား တော်ဝိကျေးရွာမှာ အထိုင်ချထားသည့် စစ်တပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ချေမှုန်းစဉ် ဖမ်းဆီးမိခဲ့တဲ့ ရဲတပ်ကြပ်လင်းထင်၏ ပြောကြားချက် (ရုပ်/သံ)

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ညောင်လေးပင်မြို့နဲ့ ကျောက်တံခါးမြို့ကြား တော်ဝိကျေးရွာမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို ဇွန်လ ၂၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။
Read More

တောင်ညိုတပ်ရင်းတွင် မိသားစုလိုက် တာဝန်ထမ်းဆောင်နေသည့် တပ်ထောက် အရာရှိ ကိုသက်ကြီး၏ တော်လှန်ရေးစကားသံ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) တောင်ညိုတပ်ရင်းရဲ့ တပ်ထောက်အရာရှိ ကိုသက်ကြီးရဲ့ မိသားစုလိုက် တာဝန်ထမ်းဆောင်ဖြစ်ပုံကို ‌‌တောင်ညိုတပ်ရင်းက ‌ဖော်ပြခဲ့ပါတယ်။