စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ပေါ်ရပ်ကွက်တွေမှာ အကြမ်းဖက်စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံကိုသန့် က မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်ကစလို့ လက်ရှိ တစ်ပတ်ကျော်ချိန်အတွင်း ချောင်းဦးမြို့ပေါ် ရပ်ကွက်ကြီး ၆ ခုနဲ့ ရပ်ကွက်ငယ်လေးတွေက အရပ်သားတွေကို ရပ်ကွက်အလိုက် ဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်ရင်း ပြန်လွှတ်တာမျိုးတွေလည်းရှိသလို နှိပ်စက်သတ်ဖြတ်လိုက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။

ဒါဟာ ချောင်းဦးမြို့ပေါ် တော်လှန်ရေးအင်အားစုတွေက စစ်ဆင်ရေး သွားရောက်ဖော်ဆောင်ရာမှာ အရပ်သားတွေ ပါဝင်နေတာမျိုးတွေ ရှိနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လုပ်ဆောင်တာဖြစ်ပြီး ဖမ်းဆီးခံရသူအရေအတွက်ဟာ ရာနဲ့ချီ ရှိနေပြီဖြစ်တယ်လို့လည်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံကိုသန့်က ပြောပါတယ်။

ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ပုံဟောင်း)

” မြို့ပေါ်ရပ်ကွက်ပေါင်းစုံကနေ ဖမ်းတယ်။ စစ်တယ်။ ပြန်လွှတ်တယ်။ သတ်ချင်ရင်သတ်တယ်။ ဇူလိုင်လ ၁၈ ရက်ကတည်းက လုပ်တာဆိုတော့ အရေအတွက်က ရာနဲ့ချီနေပါပြီ။ မြို့ပေါ်မှာ ရပ်ကွက်ကြီး ၆ ရပ်ကွက်၊ ရပ်ကွက်ငယ်တွေနဲ့ဆို ၁၅ခုပေါ့။ သူတို့ကတစ်ရပ်ကွက်ချင်းကိုအထိုင်ချပြီးဖမ်းနေတာပါ။ ” လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံကိုသန့် က မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲတဲ့ ဇူလိုင်လ ၂၃ ရက်ကလည်း ချောင်းဦးမြို့၊ ဆည်မြောင်းရုံးအနီး၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ် ကင်းပုန်းဝပ်ဖို့လာတဲ့ ဆိုင်ကယ်နဲ့ စစ်ကောင်စီတပ်သားတွေကို ချောင်းဦးပကဖနဲ့ တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေ ရရှိခဲ့ပါသေးတယ်။

“ကျနော့်တစ်ဦးတည်းခန့်မှန်းချက်အရဆို သူတို့တွေဘက်က ချောင်းဦးမြို့ပေါ်ကို အလုံးစုံ အပြည့်အဝနယ်မြေစိုးမိုးချင်ပုံရတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကမြို့ပေါ်မစ်ရှင်တက်လုပ်တဲ့အခါ သူတို့လှုပ်ရှားမှုကို ထောက်လှမ်းရတော့ ကျနော်တို့သတင်းရယူနေတဲ့ သူတွေကိုသုတ်သင်နိုင်မလားဆိုတဲ့သဘောလို့ယူဆရပါတယ်။” လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံကိုသန့်က မောင်းသတင်းဌာနကို ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြို့သစ်ရပ်ကွက်နေ အရပ်သား ၈ ယောက်နဲ့ ပဲပြစ်တောရွာနေအရပ်သား ၁ ယောက်တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် ဒေသခံတွေလည်း ကြောက်လန့်နေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သဲဖြူရွာက ညီအစ်ကို  ၂ ယောက်ကို စစ်အုပ်စု ခေါင်းဖြတ်သတ်ခဲ့

တနင်္သာရီမြို့နယ်ရှိ သဲဖြူရွာက ညီအစ်ကို ၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ KNU - Mergui - Tavoy District က သြဂုတ်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲဝင်သွားကြမည်ဟု အလယ်ပိုင်းဒေသ တော်လှန်ရေးတပ်များ အသီးသီး ထုတ်ပြန်

တနိုင်ငံလုံး စစ်ကျွန်ဘဝက လွတ်မြောက်ပြီး ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်တဲ့အထိ တိုက်ပွဲဝင်သွားမယ့်အကြောင်း အလယ်ပိုင်းဒေသတွင်းက တော်လှန်ရေးတပ် အသီးသီးက ထုတ်ပြန်လာကြပါတယ်။
Read More

ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားတဲ ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပုံရိပ်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အကြော်ထွက်ဝယ်ရင်း ပေါ်တာဆွဲခံခဲ့ရသူ ပြန်လည်အလင်းဝင်လာပြီး စစ်ကောင်စီကို ပြန်တိုက်ဖို့ ဆန္ဒရှိနေ

"သူကတော့ နေရပ်ကို ပြန်ရင် ပြန်ဆွဲခံရမှာကြောက်လို့ ဒီမှာပဲနေပြီး စကစကိုပြန်တိုက်မယ် ပြောပါတယ်။ အသက်က ၁၉နှစ်ပဲရှိပါသေးတယ်။ နောက်ထပ်အလင်းဝင်လိုတဲ့သူတွေလည်း ကျနော်တို့ကိုဆက်သွယ်ပါ။ ရအောင်ခေါ်ထုတ်ပေးပါမယ်" လို့ Golden Target Force အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ညောင်ပင်ဇီးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးသွားတာကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တောင်ဥက္ကလာပ (၁၀) ရပ်ကွက်ရုံး လက်ပစ်ဗုံး ပစ်၊ မိုင်းခွဲခံရပြီး ပျူစောထီး ၂ ဦးနှင့် ရဲ ၁ ဦး အပြင်းထန် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်ရုံးကို စက်တင်ဘာလ ၃၀ ရက် မနေ့ညပိုင်းမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်းတွေ လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။