နယ်စပ်အငြင်းပွါးမှု ပြဿနာကြီးထွားလာရာကနေ မနေ့က မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲဟာ ဒီနေ့မှာ ဆက်လက်ပြင်းထန်လာခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ အာဆီယံနိုင်ငံတချို့က တိုက်တွန်းထားပေမယ့် မကြာသေးခင်ကမှ ထိုင်းဝန်ကြီးချုပ် ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ပေထုန်တန် ရှင်နာဝပ်ကတော့ လက်ရှိအခြေအနေဟာ သံတမန်ရေးအရ စကားပြော ညှိနှိုင်းဖို့အဆင့်ကို ကျော်လွန်သွားပြီလို့ ပြောလိုက်ပါတယ်။

က​မ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကလည်း ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ သူ့နိုင်ငံသားတွေ နေရပ်ကို ပြန်ချင်ရင် ပြန်လာနိုင်တယ်လို့ ပြောဆိုပြီးတဲ့နောက် နှစ်နိုင်ငံ နယ်စပ်မှာ လူတွေ ထောင်နဲ့ချီပြီး ပြန်နေကြတယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားရဲ့ ပစ်ခတ်မှုကြောင့် ထိုင်းဘက်မှာ ၁၅ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရက ဒီနေ့အစောပိုင်းမှာ ထုတ်ပြန်ထားပြီး ထိုင်းပြည်သူ ၁သိန်းကျော် စစ်ရှောင်နေရကာ ဆေးရုံ ၇ ခု ပိတ်ထားရတယ်လို့ ဘန်ကောက်ပို့စ်မှာ သတင်းဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အမေရိကန်တပ်များ ဗင်နီဇွဲလားသမ္မတ ကိုဝင်ရောက်ဖမ်းဆီး

အမေရိကန်တပ်ဖွဲ့ တွေဟာ ဗင်နီဇွဲလား သမ္မတဖြစ်သူ နစ်ကိုလက်စ် မာဒူရို ကို ဖမ်းဆီးလိုက်ပြီလို့ အ​မေရိကန်သမ္မတ ထရမ့်က သူရဲ့လူမှုကွန်ရက် Truth မှာရေးသားအသိပေး လိုက်ပါတယ်။ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲပြီး သမ္မတဖြစ်သူ နစ်ကိုလက်စ် မာဒူရို ကို လက်ရဖမ်းဆီးလိုက်တာလို့ သမ္မတ ထရမ့်က ဆိုပါတယ်။
Read More

စစ်အုပ်စုက စစ်ကော်မရှင်ဟု အမည်ပြောင်းကာ တာဝန်ခံမှု ရှောင်လွှဲဖို့ ပြင်ဆင်နေတာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ်ကြောင်း The Sentry နှင့် Justice For Myanmar ပူးတွဲထုတ်ပြန်

The Sentry နဲ့ Justice For Myanmar တို့ ပူးတွဲထုတ်ပြန်တဲ့ စာတမ်းအရ မြန်မာစစ်အုပ်စုဟာ သူတို့အပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့နဲ့ နိုင်ငံရေးအရ တရားဝင်မှု အတုအယောင်ရရှိဖို့အတွက် အဖွဲ့အစည်းအမည်တွေကို ပြောင်းလဲခြင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ လော်ဘီတွေ ငှားရမ်းတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ ကျားဖြန့်လိမ်လည်မခံရစေဖို့ ထိုင်းအာဏာပိုင်တွေ ပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လိမ်လည်မှု မခံရစေဖို့အတွက် အသိပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်နေတယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း စာထုတ်ပေးရန် ဂျပန်နိုင်ငံထံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တောင်းဆို

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရှင်းရှင်းလင်းလင်းအသိအမှတ်မပြုဘူးဆိုတဲ့အကြောင်း စာထုတ်ပေးဖို့အတွက် ဂျပန်နိုင်ငံထံ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာကလေး ၂၀၀ နီးပါး ပညာသင်ကြားနေတဲ့ ကျောင်းကို ထိုင်းအစိုးရ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ARSA ခေါင်းဆောင်များကို နိုင်ငံတကာ တရားစီရင်မှုနှင့် အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့ တိုက်တွန်း

ARSA ခေါင်းဆောင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်မှုကို ကြိုဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တရားစီရင်မှုနဲ့ အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။