အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ဆင်ရေးအတွင်း Fixed Wings ဒရုန်းရဲ့ မော်‌တာစွမ်းရည်ကျဆင်းပြီး မတော်တဆဖြစ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပုံတောင် Tiger PDF က ထုတ်ပြန်ပြ သလိုက်ပါတယ်။

”တိုက်ပွဲတွေ ပွဲဆက်များလာတာနဲ့အမျှ Fixed Wing ဒရုန်းတွေရဲ့ motor (မော်တာ)စွမ်းအားတွေ ကျဆင်းလာပြီး motor တွေ အသစ်ပြန်လည်တပ်ဆင်နိုင်ဖို့ ထောက်ပို့ကူညီကြပါ”လို့ ပုံတောင် Tiger PDF က တော်လှန်ပြည်သူတွေကို အကူအညီ တောင်းခံထားပါတယ်။

Fixed Wings ဒရုန်းရဲ့ မတော်တဆဖြစ်ပွားမှုအတွင်း ရဲဘော်တွေတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ပုံတောင် TIGER PDF 

0 Shares:
You May Also Like
Read More

လတ်လောစစ်ဆင်ရေးတွေအတွက် လိုအပ်နေတဲ့ ကျည်ခဲယမ်းတွေဖြည့်တင်းနိုင်ဖို့ တော်လှန်နှုတ်ခမ်းနီ Project III (ရုပ်/သံ)

လတ်လောစစ်ဆင်ရေးတွေအတွက် လိုအပ်နေတဲ့ ကျည်ခဲယမ်းတွေဖြည့်တင်းနိုင်ဖို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F အဖွဲ့ရဲ့ ရဲဘော်တွေက အခုလိုပဲ တိုက်တွန်းထားပါတယ်။
Read More

KNDF တပ်ရင်း (၂) အရာရှိများက တပ်ခွဲမှူး၊ ရဲဘော်​များနှင့် တွေ့ဆုံဆွေးနွေးကာ လက်နက်၊ ဝတ်စုံများ ထောက်ပံ့ (ရုပ်/သံ)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) အရာရှိတွေဟာ တပ်ရင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေ၊ ရဲဘော်တွေနဲ့အတူ ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး လက် နက်၊ ဝတ်စုံ ထောက်ပံ့ခြင်းအခမ်းအနားလည်း ပါဝင်ခဲ့တယ်လို့ KNDF တပ်ရင်း (၂) က မတ်လ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ် အောင်သာဘဲရွာသစ်ပျူစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ ရဲဘော် ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာဘဲရွာသစ်မှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ပျူစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲဘော် ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းတွင် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးကာ စစ်သား ၉ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးကာ စစ်သား ၉ ယောက် သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်မှု တိုင်းဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိအပါအဝင် ၁၅ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဇန်နဝါရီ ၁၄ ရက် ည ပိုင်းက ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother -CRB အဖွဲ့ထံက သိရပါတယ်။
Read More

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ် ဓာတုဓာတ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင် 

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က တော်လှန်ရေးရဲဘော်တွေကို ဓာတုဓာတ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Karenni Democratic Front က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။