မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် Justice For Myanmar (JFM) အဖွဲ့က ယနေ့ထုတ်ပြန် တောင်းဆိုလိုက်သည်။

မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုများအတွက် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ ခဲယမ်းနှင့် နည်းပညာများ တစိုက်မတ်မတ် ပံ့ပိုးရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် စစ်လက်နက်ကုမ္ပဏီ China North Industries Co. Ltd (NORINCO) အား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်အရေးယူရန် Justice For Myanmar က နိုင်ငံတကာအစိုးရများအား တိုက်တွန်းတောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။

အထူးသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDF-PDF) က သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများတွင် တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ China North Industries Co. Ltd (NORINCO) ထုတ်လက်နက်များ ပါဝင်နေမှုကို အတည်ပြုနိုင်ခဲ့အပြီး ယခုလို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မန္တလေး PDF ကသိမ်းဆည်းရမိခဲ့သော လက်နက်များထဲတွင် NORINCO ထုတ် GBP128 မိုင်းရှင်းလင်းရေး လမ်းကြောင်းဖော်စက်များ ပါဝင်နေပြီး၊ ယင်းသည် စစ်အုပ်စု၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးနှင့်၂၀၁၇ ခုနှစ် စာချုပ်အရ စစ်အုပ်စုထံ ရောင်းချပေးအပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း JFM ကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၃ ခုနှစ်၊ မေလ အစီရင်ခံစာအရ NORINCO ၏ ကုမ္ပဏီခွဲ China Wanbao Engineering Corporation သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၅ သန်းမှ ၁၀ သန်းကြားတန်ဖိုးရှိ စစ်လက်နက်ထုတ်ကုန်များကို မြန်မာစစ်အုပ်စုထံ တိုက်ရိုက်ရောင်းချ ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်အတွင်း ပေါက်ကြားလာသော လျှို့ဝှက်စာများအပေါ် အခြေခံ၍ NORINCO ကုမ္ပဏီသည် သင်္ဘောတင်အမြှောက်ပစ်စနစ် တစ်ခု၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ပစ်စနစ် နှင့် ဆက်စပ်ဒုံးကျည်များ၊ စစ်လက်နက် ထိန်းချုပ်ရေးစနစ်တစ်ခု၊ ပစ်မှတ်ရှာ ပဲ့ထိန်းစနစ်တစ်ခုနှင့် မြန်မာ့ရေတပ်စစ်သင်္ဘောစီမံကိန်း တစ်ခုအတွက် ဒုံးပျံထိန်းချုပ်ရေးယူနစ်များနှင့် သင်္ဘောတင်လောင်ချာနှစ်စုံကို မြန်မာစစ်အုပ်စုထံ ရောင်းချပေးအပ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထို့ပြင် NORINCO ကုမ္ပဏီသည်၂၀၂၀၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များအတွင်း များစွာသော ကုန်တင်ပို့မှုများမှတဆင့် စစ်လက်နက်ထုတ်လုပ်ရေးအတွက် စက်ပစ္စည်းအစိတ်အပိုင်းများကို စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံးထံ ရောင်းချပေးအပ်ခဲ့ကြောင်းလည်း JFM ကဆိုသည်။

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်းတွင်လည်း NORINCO ကုမ္ပဏီမှ နည်းပညာရှင်များသည် မကွေးတိုင်းအတွင်းရှိ ကပစ အမှတ် (၂၀) စက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အော်တိုအမြှောက်များ၊ ဆက်စပ်ခဲယမ်းများ အပါအဝင် လေယာဉ်ပစ်သေနတ်များ ထုတ်လုပ်ရေးအတွက် နည်းပညာအကူအညီများ ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်းတွင်မူ NORINCO ကုမ္ပဏီသည် မြန်မာစစ်အုပ်စုထံ MBT-2000 တင့်ကား လေ့ကျင့်သင်မောင်းစက်တစ်ခု ရောင်းချပေးအပ်ခဲ့ပြီး၊ အဆိုပါစက်သည် ကျောက်ဆည်မြို့ သံချပ်ကာ ယန္တရားကျောင်းရှိ စစ်ကောင်စီတပ်သားများအား သင်ကြားပေးရန် အသုံးပြုနေခြင်းဖြစ်သည်ဟု JFM ကဆိုသည်။

ထို့ကြောင့် NORINCO ကုမ္ပဏီကို အလုံးစုံပိုင်ဆိုင်သော တရုတ်အစိုးရအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ ခဲယမ်း၊ လေ့ကျင့်သင်ကြားပေးမှုများနှင့် နည်းပညာလွှဲပြောင်းပေးအပ်မှု များအား ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က ထုတ်ပြန်တောင်းဆိုထားသည်။

0 Shares:
You May Also Like
Read More

မြန်မာကိုယ်စားပြုယှဥ်ပြိုင်သည့် ချင်းတိုင်းရင်းသားလေး ဗန် UFC ဖလိုင်းဝိတ်တန်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ပြီ

ဒီနေ့ပွဲရဲ့ ဒုတိယခေါင်ပွဲလည်းဖြစ် ဖလိုင်းဝိတ်ချန်ပီယံလုပွဲလည်းဖြစ်တဲ့ UFC 323 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ချင်းတိုင်းရင်းသားလေး ဗန် နဲ့ ကမ္ဘာ့ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာတို့ထိုးသတ်ခဲ့ရာ၊ ပထမအချီအစမှာပဲ ပန်တိုဂျာ လက်ကျိုးသွားခဲ့တာကြောင့် ပြိုင်ဖက် ဗန် က UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူသွားခဲ့ပါတယ်။
Read More

အမေရိကန်အကူအညီ ဖြတ်တောက်မှုဟာ မလိုအပ်ဘဲ ရက်စက်မှုများကို ဖြစ်စေတယ်လို့ လူ့အခွင့်အရေးအရာရှိ ဝေဖန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မောင်မောင်လွင်၏ တစ်လုံးတည်းသော သွင်းဂိုဖြင့် မန်ယူကို အာဆီယံအသင်း အနိုင်ရ

မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းမှာ ဒီယနေ့ မေလ ၂၈ ရက်ညပိုင်းမှာ ယှဥ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်း နဲ့ အာဆီယံလက်ရွေးစင်အသင်းတို့ ပွဲစဥ်မှာ အာဆီယံလက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း တိုက်စစ်မှူး မောင်မောင်လွင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆီယံအသင်း အနိုင်ရသွားခဲ့ပါတယ်။
Read More

လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယား၏ အကူအညီ အကြမ်းဖက်စစ်အုပ်စု လက်ထဲ ပေးမည်မဟုတ်ဟု ကိုရီးယား လွှတ်တော်အမတ်များ မြန်မာ့အရေး ကြားနာပွဲမှာ ပြောဆို

တောင်ကိုရီးယားနိုင်ငံရဲ့ လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ကြားနာပွဲမှာ တောင်ကိုရီးယား လွှတ်တော်အမတ်တွေက လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယားရဲ့ အကူအညီတွေကို အကြမ်းဖက်စစ်အုပ်စု လက်ထဲ ပေးမှာမဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
Read More

မြန်မာပြည်သူများ တရားမျှတမှုရရှိရေး ပြောကြားပေးခဲ့သည့် ပုပ်ရဟန်းမင်းကြီးအား အစဉ်ထာဝရ အမှတ်ရနေမည်ဟု IEC ထုတ်ပြန်

မြန်မာပြည်အတွက် တရားမျှတရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို အစဉ်အမှတ်ရနေမှာဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
Read More

စစ်ဘေးသင့် မြန်မာပြည်သူများကို မမေ့ရန်နှင့် အကူအညီများ ပေးကြရန် ပုပ်ရဟန်းမင်းကြီး လီယို တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး လီယိုက စစ်ဘေးဒုက္ခတွေ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေကို ကမ္ဘာက သတိပြုမိစေဖို့အတွက် တိုက်တွန်းစကား ထပ်မံပြောကြားလိုက်ပါတယ်။