နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ပြဿနာကနေ ပစ်ခတ်မှုတွေအထိ ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံ စစ်ရေးအခြေအနေတင်းမာမှုတွေကြား နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဘေးကင်းလုံခြုံစေဖို့အတွက် သတိပြုလိုက်နာရမယ့် အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပါတယ်။

NUG ရဲ့  မြန်မာနိုင်ငံသားတွေ ဘေးကင်းလုံခြုံရေး အကြံပြုတင်ပြချက်တွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဒေသတွေရဲ့ ရေမြေအနေအထားနဲ့ တိုက်ပွဲ ပြင်းထန်မှုအပေါ်မူတည်ပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ ရင်ဆိုင်တုံ့ပြန်မှုက ကွဲပြားနိုင်တယ်လို့လည်း ဆိုထားပါတယ်။

ဇူလိုင်လ ၂၄ရက် မနေ့က မနက်ပိုင်းမှာ စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲဟာ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီနေ့ ဇူလိုင် ၂၅ရက်မှာ ပိုမိုပြင်းထန်လာပြီး ထိုင်းနိုင်ငံဘက်မှာ သေဆုံးသူ ၁၅ယောက် ရှိခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားက အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို ဦးတည်ပစ်ခတ်နေတာကြောင့် ထိုင်းပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်နေရပြီး ဆေးရုံ ၇ ရုံ ပိတ်သိမ်းထားရတယ်လို့  ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်မြေအငြင်းပွားမှု ပဋိပက္ခကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ အာဆီယံ၊ မလေးရှား၊ မြန်မာ၊ တရုတ်၊ စင်္ကာပူ စတဲ့ နိုင်ငံတွေက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

အပစ်ရပ် သဘောတူညီချက်ကို ကမ္ဘောဒီးယား ချိုးဖောက်ကြောင်း ထိုင်းစစ်တပ် ထုတ်ပြန်ကြေညာ

ထိုင်းစစ်ဦးစီးချုပ်ဌာနချုပ်မှ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဗာရီက ကမ္ဘောဒီးယားအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ယုံကြည်မှု ဖောက်ဖျက်တဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်နေပြီး ထိုင်းအနေနဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာနေဆဲ ဖြစ်ပေမယ့် ကမ္ဘောဒီးယားစစ်တပ်က မရပ်တန့်ဘူးဆိုရင် ကာကွယ်တဲ့အနေနဲ့ ပြန်လည်လက်တုံ့ပြန်ရလိမ့်မယ်လို့လည်း ပြောဆိုကြေညာခဲ့ပါတယ်။
Read More

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေး နယူးယောက်မြို့ UN  ရုံးချုပ်​ရှေ့ ချီတက်ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီးက Dag Hammerskjold Plaza မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar ခေါင်းစဉ်နဲ့ လူထုထောက်ခံချီတက် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။
Read More

စစ်အုပ်စုရွေးကောက်ပွဲ အာဆီယံက လေ့လာသူ စေလွှတ်ဖွယ်မရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေအတွက် အာဆီယံအဖွဲ့ကြီးက လေ့လာသူတွေ စေလွှတ်ပေးဖို့ သဘောတူလိမ့်မယ်လို့ မထင်ကြောင်း အောက်တိုဘာလ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

မြန်မာပြည်က လိမ်လည်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ဒေါ်လာ ၃၀,၀၀၀ ဖြင့် ပြန်ရွေးခဲ့ရ

မြန်မာနိုင်ငံက လိမ်လည်လုပ်ငန်းတစ်ခုကနေ ဟောင်ကောင်နိုင်ငံသားတစ်ယောက် ဘေးကင်းစွာ အိမ်ပြန်နိုင်ခဲ့ပြီး အသက်ပြန်လျက် ပြန်လာနိုင်စေရေးအတွက် မိသားစုက ပြန်ပေးငွေများစွာ ပေးခဲ့ရကြောင်း သူတို့ကို ကူညီခဲ့တဲ့ ခရိုင်ကောင်စီဝင်ဟောင်းတစ်ယောက်က ပြောဆိုခဲ့တယ်လို့ South China Morning Post က ရေးထားပါတယ်။ 
Read More

ဘုရားသုံးဆူက တရုတ်ငွေလိမ်ဂိုဏ်းတွေ နေရာပြောင်း

ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓာတ်အား၊ လောင်စာနဲ့ အင်တာနက် ဖြတ်တောက်ပြီး ရက်ပိုင်းအကြာမှာ ဘုရားသုံးဆူက တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ နေရာပြောင်းရွှေ့သွားတယ်လို့ ထိုင်းလုံခြုံရေးသတင်းရင်းမြစ်တွေက ပြောဆိုကြောင်း Bangkok Post က ဖေဖော်ဝါရီလ ၁၃ ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Read More

ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာပဲ ပိတ်မိမနေဖို့နဲ့ စစ်ကောင်စီကို နေရာပေး ဆက်ဆံမှုတွေ ရပ်ဖို့ အရပ်ဘက်အဖွဲ့ ၂၆၀ ကျော်က အာဆီယံကို တိုက်တွန်းတောင်းဆို

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်တွေကို ကျော်လွန်လုပ်ဆောင်ကာ စစ်ကောင်စီနဲ့  ထိတွေ့ဆက်ဆံနေမှုကို အမြန်ဆုံး ရပ်တန့်ဖို့  အရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။