ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့မရဲစခန်းအပါအဝင် စစ်အုပ်စု လက်ပါးစေရုံးတွေကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ အယောက် ၃၀ ထက်မနည်း ထိခိုက်သေဆုံးပြီး ရဲစခန်းနဲ့ ကြံ့ခိုင်ရေးရုံး ထိခိုက်ပျက်စီးသွားကြောင်း Black Leopard UG အဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်၊ မနက်အစောပိုင်းက ရေတာရှည်မြို့မရဲစခန်းနဲ့ ခြံဝန်းတစ်ခုထဲရှိနေတဲ့ ကြံ့ခိုင်ရေးရုံးနဲ့ ရွေးကောက်ရုံးတွေဆီကို UG တပ်ဖွဲ့ဝင်တွေက လက်လုပ် 79 ထောက်ပြောင်း 40 mm (ရှော့တိုက်ဒုံး) ၁၄ လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း UG တပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ ဗုံးသီး ၁၄လုံးစလုံး ပစ်မှတ်တွေပေါ် ကျရောက်ပေါက်ကွဲတာကြောင့် စစ်အုပ်စုဘက်ထိခိုက်မှုတွေရှိခဲ့တယ်လို့ Black Leopard UG အဖွဲ့တာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ ပစ်ပြီးပြီးချင်းမှာပဲ သူတို့ဘက်ကလည်း ချက်ချင်းပြန်ပစ်တယ်။ သူတို့ပစ်ပြီးတော့ ချက်ချင်းပဲ မီးတွေပိတ်ချလိုက်တယ်။ အဲ့နောက်တော့ နာရေးကား ၃စီးက ဝင်လိုက်ထွက်လိုက်နဲ့ ရှေ့ကဝင် နောက်ကထွက်နဲ့ သယ်တော့တာပါပဲ။ ထိခိုက်သေဆုံးသိရတာကတော့ အယောက်၃၀ ထက်မနည်းဘူး။ သေစာရင်းက အတိအကျတော့မရဘူး။ သေချာတာ ကြံ့ဖွတ်ရုံးကတော့ အတော်လေး ပျက်စီးသွားတယ်။ နောက်ပြီး အချုပ်ခန်းထဲ နှစ်လုံးကျတာမှ မကွဲဘူး။ ရဲစခန်းတို့ ကြံဖွတ်ရုံးတို့က တစ်ဝိုင်းထဲဆိုတော့ အကုန်ပါတယ်” လို့ Black Leopard UG အဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Black Leopard UG ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး 31UG က လက်နက်ခဲယမ်းနဲ့ လူအင်အားတွေ အားဖြည့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

“ကျနော်တို့က ကိုယ်တိုင်ထုတ်တာဆိုတော့ သိတဲ့အတိုင်းပဲ။ ခက်ခဲတယ်။ အခုတစ်ခါပစ်တာ သိန်း ၄၀လောက်အထိ ကုန်တယ်။ တစ်ခေါက်နဲ့ တစ်ခေါက်တော့ မတူဘူး။ အဓိကပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ စခထောက်တိုင်တွေနားမှာ မရှိဖို့လိုပါတယ်။ ကျနော်တို့အနေနဲ့ အရေးပါတဲ့ပစ်မှတ်တွေကို စစ်ရေးဖော်ဆောင်နေတာမို့ ပြည်သူတွေဘက်က ထိခိုက်မှုမရှိအောင် အထူးရှောင်ရှားကြပါ” လို့ Black Leopard UG အဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ရက်နေ့ကလည်း နေပြည်တော်၊ သာဝတ္ထိနယ်မြေရဲစခန်းကို Black Leopard UG နဲ့ 31 UG က အခုလိုပဲ လက်လုပ် 79 ထောက်ပြောင်း 40mm တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

နွေဦးတော်လှန်ရေးအတွက် အမေရိကန် မြို့ကြီးတွေမှာ ရောင်နီ လာမယ်

ရောင်နီ live 2025 ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်နိုင်ငံက မြို့ကြီးတွေမှာ ဂီတဖျော်ဖြေပွဲတွေ ကျင်းပသွားမှာဖြစ်ပြီး ရရှိတဲ့ အမြတ်အားလုံးကို တော်လှန်ရေးအတွက် အသုံးပြုနိုင်ဖို့ မြေပြင်ကို အမြန်ဆုံးပို့ဆောင်သွားမှာ ဖြစ်ကြောင်း တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်သူ အဆိုတော်လင်းလင်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်က စစ်ကောင်စီ တပ်စွဲနေထိုင်တဲ့ တောင်ပေါ်ကျောင်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (ဒူရက စစ်ကြောင်း) က သတင်းထုတ်ပြန်လာပါတယ်။
Read More

Southern Eagle PDF က ရဲဘော်တွေကို ကျည်ကာ Vest နဲ့ Helmet တွေ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF က ရှေ့တန်းက ရဲဘော်တွေကို အောက်တိုဘာ ၇ ရက်က ကျည်ကာတွေဖြစ်တဲ့ Vest နဲ့ Helmet တွေ တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် ရွာစဥ်လှည့်မီးရှို့သည့် စစ်ကြောင်းနှင့် PDF များတိုက်ပွဲဖြစ်ပွား၊ စစ်အုပ်စုဘက် ၇ ဦး သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရွာစဥ်ပတ် မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၇ ယောက်သေဆုံး ခဲ့တယ်လို့ Black Eagle PDF (Bagan) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာနဲ့ ထိုင်းအတွက် စတားလင့်က ဆက်သွယ်ရေးအတွက် အကူအညီပေးမည်ဟု ကမ်းလှမ်း

ပြင်းထန်စွာ ငလျင်ဘေးကြုံတွေ့ခဲ့ရတဲ့ မြန်မာနဲ့ ထိုင်းအတွက် ဆက်သွယ်ရေးများလိုအပ်ပါက အီလွန်မတ်ရဲ့ စတားလင့်က ပံ့ပိုးကူညီပေးပို့ အသင့်ရှိတယ်လို့ Space X က ထုတ်ပြန်ပါတယ်။
Read More

ဖလန်းကျင်းရွာအနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်ကာ ကလေးငယ်အပါ ၆ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဖလန်းကျင်းရွာအနီးမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်လို့ ၆ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေဆီက သိရပါတယ်။