စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးမှာ ကင်းပုန်းဝပ်ဖို့ ဆိုင်ကယ် ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၃ ရက် မနက် ၅ နာရီခွဲဝန်းကျင်ခန့်က ချောင်းဦးမြို့နယ် ဆည်မြောင်းရုံးအနီး မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ ဆိုင်ကယ် ၂ စီးနဲ့ လာတဲ့ စစ်ကောင်စီ ၄ ယောက်ကို တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့ရာ ၄ ယောက်လုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေထံကနေ ဆိုင်ကယ် ၂ စီး၊ MA-3 ၁ လက်၊ MA-11 ၃ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ဖုန်း ၂ လုံးနဲ့ ၅.၅၆ ကျည် ၄၀၀ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ အမှတ် (၁) တိုက်နယ် တိုက်ခိုက်ရေးတပ်စိပ်နဲ့ Brave Heart Army (BHA Local PDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ချောင်းဦးမြို့နယ်

0 Shares:
You May Also Like
Read More

အုတ်ဖိုမြို့နယ် စင်မြင့်ရွာကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စင်မြင့်ရွာကို ဖေဖော်ဝါရီ ၇ ၇က် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူများ သွေးမအေးသေးကြောင်း ပြသသည့် UAE မြို့ပြဂီတည (ရုပ်/သံ)

UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မြို့ပြဂီတည ဖျော်ဖြေပွဲကို တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် Lလွန်းဝါ၊ ကောင်းကောင်းနဲ့ ခင်ဘုဏ်းတို့ လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။
Read More

သထုံမြို့ နောင်ဘိုရွာအဝင်ဆိုင်းဘုတ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ‌နောင်ဘိုရွာအဝင်ဆိုင်းဘုတ်မှာ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း စာရွက်တွေကပ်ပြီး ပြည်သူတွေကို အသိပေး နှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ Fixed Wings Droneတွေနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်သည့် ရုပ်သံဖိုင် Justice Soldier PDF ထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ကနေ မြဝတီမြို့ဆီ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင် ဇေယျစစ်ကြောင်းကို တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်ကို ဒီနေ့ ဇန်နဝါရီ ၃၁ ရက်မှာ Justice Soldier PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

တောကျီးကန်း (၇) ကောင် တပ်ရင်းမှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်အပြီးပိုင်ချုပ်ငြိမ်းနိုင်ဖို့ တိုက်ပွဲဝင်မယ့် ရဲဘော်သစ်တွေကို တောကျီးကန်းစစ်ကြောင်းမှ ကြိုဆိုလျက်ရှိတယ်လို့ သိရပါတယ်။