မွန်ပြည်နယ် သံဖြူဇရပ်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ၂ရက်အတွင်း နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့က ဇူလိုင်လ ၂၃ ရက် ညနေပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝယ်ကဝါကျေးရွာ၊ အောင်ကုသိုလ်ရပ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဆောင်နဲ့ နေအိမ် ၂၀ ကျော် ပြိုကျပျက်စီးပြီး ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဒီနေ့ ဇူလိုင်လ၂၄ ရက် မနက်ပိုင်းမှာလည်း လေပြင်းတိုင်ခတ်မှုကြောင့် ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်နဲ့ ပေါင်းရပ်ကွက်ကြားက နေအိမ် ၃၀ ခန့် ထိခိုက်ပျက်စီးပြီး အမျိုးသမီး ၁ ယောက် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

“လေပြင်းမုန်တိုင်းထက်ကို လေဆင်နှာမောင်းတိုက်သွားတာ၊ သစ်ပင်တွေ ဓာတ်တိုင်တွေပါ လဲကုန်လို့ မနက်က တချက်တော့ ရန်ကုန်-မော်လမြိုင် ကားလမ်းပိတ်တာ ဖြစ်သွားသေးတယ်” လို့ ပေါင်မြို့ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် သထုံမြို့နယ်၊ နောင်ကုလား အလယ်ရွာမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ် ၅၀ကျော်နဲ့ အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်ကျော်တိုက်ခိုက်နေတဲ့ ဝီဖာ မုန်တိုင်းအရှိန်ကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့မှာလည်း ရေကြီးမှုတွေဖြစ်ပေါ်နေပြီး ဒေသခံပြည်သူ ၃၀၀၀ ကျော်လောက် ရေဘေးသင့်နေကြပါတယ်။

မိုးလေဝသဌာနကလည်း မြန်မာနိုင်ငံအတွင်း တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဝီဖာ မုန်တိုင်း မိုးသက်လေပြင်းကျရောက်ကာ နေရာစိပ်စိပ်မှ နေရာကွက်ကျားမိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် သထုံမြို့နယ်နှင့် ပေါင်မြို့နယ်အတွင်း ပျက်စီးမှုများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် ကျိုက်ထော်ကျေးရွာ ဆုတောင်းပြည့်စေတီ စိန်ဖူးတော် မြေခ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့်စေတီရဲ့ စိန်ဖူးတော်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ကျိူးကျပျက်စီးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အင်းတကော်နဲ့ ဝေါမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်း၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်နဲ့ ဝေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးမြို့နယ်မှာ တပ်မ-၉၉ လက်အောက်ခံ စစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ရာ၂၁ ယောက်သေ၊ ၈ ဦးဖမ်းမိ၊ လက်နက် (၃၉) လက် သိမ်းဆည်းရမိ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာတဲ့ ဗိုလ်မှူးရန်လင်းအောင်၊ ဗိုလ်ကြီး အောင်ဇော်မင်း ဦးဆောင်တဲ့ တပ်မ-၉၉ လက်အောက်ခံ ခမရ (၁၄၊ ၁၅)နဲ့ ရဲတပ်ရင်း ပူးပေါင်းအင်အား (၅၀) ခန့်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး အောင်ဇော်မင်းအပါ အလောင်း (၂၁) လောင်းရရှိခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက ယနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်အပါ ၉ ဦးသေဆုံး၊ ၉ ဦး အရှင်ဖမ်းဆီးရမိ…

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၉ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်းထုတ်ပြန်ပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်အား တာဝန်မှ အနားယူခွင့်ပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်ကို တာဝန်ကနေ အနားယူခွင့်ပြုလိုက်တယ်လို့ ဒီနေ့မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ရန်ကုန်က ရေကျော်ပွဲစျေး ပေါက်ကွဲမှုဖြစ်ခဲ့ရင် တော်လှန်ရေးအင်အားစုတွေနဲ့မဆိုင်ဘူးလို့ မြောက်ဥက္ကလာပ ပကဖ ကြိုတင်အသိပေး…

ရန်ကုန်မြို့က လူသိများထင်ရှားတဲ့ ရေကျော်ပွဲစျေး ပေါက်ကွဲမှုဖြစ်ခဲ့ရင် အကြမ်းဖက်စစ်ကောင်စီ လက်ချက်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ မသက်ဆိုင်ဘူးလို့ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။