ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်လာမှုတွေ ရှိနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၁ ရက်ကနေ ၂၄ ရက်အထိ အထက်ပါနေရာတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားပြီး DSA စစ်တက္ကသိုလ် အပတ်စဥ် (၅၄) ဆင်းဖြစ်သူ ဖြိုးကျော် (ဒု-ဗျူဟာမှူးဟု ယူဆရသူ) နဲ့ တခြားစစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ရဲ့ ရုပ်အလောင်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်တဲ့အခါမှာလည်း လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း MDY PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လောက်ကိုင်တုန်းက လက်နက်ချခဲ့တဲ့ လောက်ကိုင်ဒကစ လက်အောက်ခံ ခလရ (၂၃၉) တပ်ရင်းလည်း ပုသိမ်ကြီးမြို့နယ် တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေမှာ တွေ့မြင်ရတဲ့ အမှတ်တံဆိပ်အရ သိရတယ်လို့ ဆိုပါတယ်။

 ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်တိုက်ပွဲတွေအတွင်း  အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ(၂၀) ရက်နေ့မှာ ဂျက်ဖိုက်တာ (၃) ကြိမ်နဲ့ Y-12 (၁)ကြိမ်၊ ဇူလိုင်လ (၂၁) ရက်နေ့မှာ ဂျက်ဖိုက်တာ (၄)ကြိမ် ၊ Y-12 (၃) ကြိမ် နဲ့ Mi-35 (၂) ကြိမ် ၊ ဇူလိုင်လ (၂၂) ရက်နေ့မှာ ဂျက်ဖိုက်တာ (၃)ကြိမ်၊ Y-12 (၂) ကြိမ်နဲ့ Mi-35 (၁) ကြိမ်၊ ဇူလိုင်လ (၂၃) ရက်နေ့မှာ ဂျက်ဖိုက်တာ (၁) ကြိမ် နဲ့ Y-12 (၁) ကြိမ် လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့  မိတ်ဖက်မဟာမိတ်တပ်ဖွဲ့တွေကတော့ ဘယ်လိုအခက်အခဲတွေနဲ့ ဖိအားတွေပဲရှိပါစေ ပန်းတိုင်ဆီ မမှိတ်မသုန် ဆက်လက်ချီတက်သွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံကာကွယ်ရေးအတွက် စစ်တပ်ဘတ်ဂျတ်ကို ပိုမိုအသုံးပြုနေရသည်ဟု မတရား အာဏာဖက်တွယ်ထားသည့် မင်းအောင်လှိုင် ပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ရေးအတွက် ဘတ်ဂျက် ပိုမိုအသုံးပြုနေရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

Chinland အစိုးရတပ်ဖွဲ့ စစ်ကြောင်းများ အကြမ်းဖက်စစ်တပ် အင်အား ၅၀ ကျော်ကို ထပ်မံချေမှုန်း

Chinland အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁)၊ စစ်ကြောင်း (၂) နဲ့ အကြမ်းဖက်စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ဆက် လက် ဖြစ်ပွားနေပြီး တော်လှန်ရေးမဟာမိတ်အင်အားစုတွေက စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၀ ကျော်ကို ထပ်မံချေမှုန်း သုတ်သင်နိုင်ခဲ့တယ်လို့ Chinland ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာသည် စစ်အုပ်စု အရာရှိအဆင့်အပါ ၆ ဦး မိုင်းဆွဲခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာတဲ့ စစ်အုပ်စုအရာရှိအဆင့်အပါ ၆ ​ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ရွာငံတွင် စစ်အုပ်စုက အနီရောင်အဆင့်သတ်မှတ်ပြီး စစ်ကြောင်းများခွဲထိုးနေ၊ ကြံ့ခိုင်ရေးပါတီကလည်း ရွေးကောက်ပွဲအတုအတွက် စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အင်အားထောင်ချီဖြည့်ပြီး စစ်ကြောင်းတွေထိုးနေသလို အတုအယောင် ရွေးကောက်ပွဲဝင်ရောက်မယ့် ကြံ့ခိုင်ရေးအမတ်တွေလည်း စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေကြောင်း ရွာငံစစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ရှစ်လေးလုံးမှ ထုဆစ်ပေးလိုက်သည့် နွေဦးတော်လှန်ရေးသည် စစ်မျက်နှာပေါင်းစုံဖြင့် စစ်အာဏာရှင်စနစ် အမြတ်ပြတ်စေဖို့ လုပ်ဆောင်နေသည့်ကာလ ဖြစ်ကြောင်း NUG ထုတ်ပြန်

၈၈၈၈ လူထုအရေးတော်ပုံကြီးကနေ ထုဆစ်ပေးလိုက်တဲ့ ၄ နှစ်ကျော်ကြာ နွေဦးတော်လှန်ရေးကာလဟာ စစ်မျက်နှာပေါင်းစုံနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေဖို့ လုပ်ဆောင်နေတဲ့ကာလ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၃၇)နှစ်မြောက်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ထိန်းချုပ်နယ်မြေအတွင်း ပြည်သူကို လှည့်ဖျားမည့် ရွေးကောက်ပွဲအတု မကျင်းပနိုင်ရန် ဆန့်ကျင်သွားမည်ဟု ဒူးသထူခရိုင်-ဖားအံမြို့နယ် KNU ကြေညာ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို KNU ဗဟိုရဲ့ သဘောထားအတိုင်း ဆန့်ကျင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးသထူခရိုင် - ဘားအံမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ကြေညာပါတယ်။