ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ ဒီနေ့ ဇူလိုင်လ ၂၄ရက် မနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အဆိုပါ လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် ဗိုလ်တထောင်ကမ်းနားမှာ ကွန်တိန်နာပုံးတွေ ပြိုကျကာ  ကွန်တိန်နာယာဉ်တချို့ တိမ်းမှောက်ပျက်စီးခဲ့ပြီး စျေးဆိုင်းခန်းတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်တစ်ထောင်ကမ်းနားရှိ Vintage Luxury Hotel အဝင် ဘောတံတားလျှောက်လမ်းမှာရှိတဲ့ လေကာမှန်များ ကွဲသွားခဲ့သလို The Love Boat သင်္ဘောကြိုးပြတ်ပြီး မျောပါကာ Vintage Luxury Hotel သင်္ဘောကို တိုက်မိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဒီနေ့တစ်ရက်တည်းမှာပဲ မွန်ပြည်နယ် သထုံမြို့နဲ့ ပေါင်မြို့တို့မှာလည်း လေဆင်နှာမောင်းတိုက်ခတ်ပြီး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ချောင်းဦး-မြင်းမူ လမ်းပိုင်းမှာ စစ်တပ်ယာဉ် ၄ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းမြို့ကနေ မုံရွာမြို့ နမခကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၄ စီးကို ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ မနက်ပိုင်းက မိုင်း ၁၅ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

မြိတ်ကနေ တနင်္သာရီဘက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၂ စီး ပျက်စီး (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်သို့ လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၂ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ မေလ ၉ ရက်နဲ့ ၁၀ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စလင်းပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

KIA နဲ့ တော်လှန်ရေးတပ်တွေရဲ့ ပန်ဝါမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)

ကချင်ပြည်နယ် ပန်ဝါမြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေထံကနေ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံလာပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် SSNDF/ KNDF B-103 ကနေ သင်တန်းသားရဲဘော် သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ မော်ဖိုးကေတပ်စခန်းကို KNLA ပူးပေါင်းတပ်များ စတင်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့က စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေ တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက မေလ ၁၉ ရက် ဒီနေ့ မနက်ပိုင်းက စတင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့ ထိုင်းသတင်း Khaosod ရဲ့ ဖော်ပြချက်အရ သိရပါတယ်။