ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက တပ်စုတပ်ကြပ်ကြီး တစ်ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်လိုက်တဲ့ ဒရုန်းဗုံးသီးထိမှန်ပြီး ကျဆုံးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၃ရက် မနေ့က နေ့လယ် ၁၂နာရီလောက်မှာ စစ်ဗျူဟာ (၂) လှုပ်ရှားနယ်မြေအတွင်း တာဝန်ထမ်းဆောင်စဥ် စစ်အုပ်စုရဲ့ ယာယီစခန်းကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်ကောင်စီတပ်ဘက်က ကြဲချတိုက်ခိုက်တဲ့ ဒရုန်းဗုံးသီးကြောင့် တပ်စုတပ်ကြပ်ကြီး ဆန်းလင်းကို (ခ) အလင်းသစ် ထိမှန် ကျဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် တပ်စုတပ်ကြပ်ကြီး ဆန်းလင်းကို (ခ) အလင်းသစ် (ဓာတ်ပုံ ပခုက္ကူခရိုင်တပ်ရင်း-၁၃)

“မကွေးဗျူဟာအဆင့်မလို့ ကျနော်တို့ မိခင်တပ်ရင်းအနေနဲ့ အသေးစိတ်အထိ ဖြေကြားပေးလို့ မရပါဘူးဗျ။ တပ်စုတပ်ကြပ်ကြီး ဆန်းလင်းကို (ခ) အလင်းသစ်က ရန်သူ့ယာယီစခန်းကုန်း ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အချိန် ရန်သူ့ဒရုန်းက ကြဲချတဲ့ ဗုံးသီးကျရောက်ပေါက်ကွဲပြီး ကျဆုံးခဲ့တာပါ” လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၃ က မောင်းကို ပြောပါတယ်။

ကျဆုံးသွားတဲ့ တပ်စုတပ်ကြပ်ကြီး ဆန်းလင်းကို (ခ) အလင်းသစ်ကို မိခင်တပ်ရင်း ရဲဘော်ရဲဘက်တွေက ပြည်သူလူထု တစ်ရပ်လုံးက အမြဲတမ်း အမှတ်ရ ဂုဏ်ပြုနေကြောင်း၊ ကျန်ရှိနေတဲ့ တော်လှန်ရေးတာဝန်တွေကို ရဲဘော်ရဲဘက်တွေက ဆက်လက်ထမ်းဆောင်ကာ စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

တပ်စုတပ်ကြပ်ကြီး-ဆန်းလင်းကို(ခ)အလင်းသစ် ကျဆုံးခြင်းအတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှငြိမ်းချမ်းစွာအနားယူခွင့်ပြုခြင်း အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနှင့် အလေးပြုခြင်း (ဓာတ်ပုံ ပခုက္ကူခရိုင်တပ်ရင်း-၁၃)

0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ် စေလွှတ်ခံရတဲ့ ခလရ ၉၈ အကြမ်းဖက်စစ်တပ် အသေအပျောက်များခဲ့လို့ မော်လမြိုင်ကျွန်းအခြေစိုက် ခလရ ၅၃၆ ကို ထပ်ပို့

ဧရာဝတီတိုင်း ဖျာပုံအခြေစိုက်တဲ့ ခလရ ၉၈ တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက်တဲ့ ခလရ ၅၃၆ ရခိုင်ပြည်နယ်သို့ ထပ်မံ အပို့ခံရကြောင်း အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာပေါင်း ၆၀ ကျော်မှ ဒေသခံ သောင်းနှင့်ချီ စစ်ရှောင်ထွက်ပြေးနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ကျေးရွာပေါင်း ၆၀ ကျော်က ဒေသခံပြည်သူတွေ စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

KK park ပြဿနာ နောက်ဆက်တွဲကြောင့် မြဝတီမှ ကုန်ပစ္စည်းများ သယ်ယူစားရိတ် ၅ ဆအထိ မြင့်တက်နေ

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK park နေရာကို စစ်တပ်ကနေ ဝင်စီးပြီးနောက်ပိုင်းမှာ မြဝတီကနေ ကုန်ပစ္စည်းသယ်ယူစားရိတ်တွေဟာ ၅ ဆ အထိ မြင့်တက်လာနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေထံက သိရပါတယ်။
Read More

KIA ပစ်ချလိုက်သည့် စစ်ကောင်စီ ရဟတ်ယာဉ်တွင် အိန္ဒိယနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ တပ်ဆင်ထား

အခုရက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်မှာ အိန္ဒိယနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားတာကို တွေ့ရတယ်လို့ စစ်ကောင်စီထံကနေ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တွေအကြောင်း မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 ကနေ ဖော်ပြလာပါတယ်။
Read More

ကျိန္တလီချောင်းပေါ် ဖြတ်သန်းဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

ရခိုင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ဂွမြို့နဲ့ ကျိန္တလီမြိုကို ဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်စီးသွားကြောင်း ရခိုင့်တပ်တော် AA က အောက်တိုဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။