နေပြည်တော် PDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲအတွင်း ၆၀ မမ လက်နက်ကြီး ပစ်ကူပေးနေတဲ့ ရုပ်သံဖိုင်ကို တပ်ရင်း 805 – Nay Pyi Taw PDF က ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင် ၇ ရက်က နေပြည်တော်တပ်ပေါင်းစု တပ်ရင်း ၃၅၀၄ နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တစ်ရက်တာ ထိတွေ့တိုက်ပွဲငယ်တွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း ၂ ခုဟာ စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ ပြန် လည်ဆုတ်ခွာသွားပြီး နယ်မြေတွေကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ Nay Pyi Taw PDF ထံက သိရပါ တယ်။

တိုက်ပွဲပြီးနောက် နေပြည်တော်တပ်ပေါင်းစုမှာ စစ်ကောင်စီတပ်ဆုတ်ခွာသွားတဲ့နေရာတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး ဗုံးသီးအကြွင်းအကျန်နဲ့ မိုင်းတွေကို ရှင်းလင်းကာ ပြည် သူများ ထိခိုက်မှုမရှိစေဖို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video-တပ်ရင်း 805 – Nay Pyi Taw PDF

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်သေကာ PDF ရဲဘော် ၁ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၅၆ က ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇီးကုန်းနဲ့ ဇီးကုန်းကျွန်းကျေးရွာကြား အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်ထံက သိရပါတယ်။
Read More

ဘေးကင်းလုံခြုံတဲ့ကျောင်းများ တည်ဆောက်နိုင်ရေး ကမ်ပိန်းမှာ ပါဝင်ကြရန် ဒေါက်တာ ဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

ကလေးသူငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

မြို့သာမြို့ရဲစခန်းအား တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် မြို့သာမြို့ရဲစခန်းအား တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက် နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက် သေ၊ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's knight Defense Force Myinmu (PKDF-MMU) အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် အိုးဘိုနဲ့ ချီပါရွာကြား အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်မှု တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အိုးဘိုနဲ့ ချီပါရွာကြားမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ ရွှေဘိုတိုက်နယ် ၅ ဂဠုန်ကြီး ပြည့်သူ့ကာကွယ်ရေးအဖွဲ့ ပကဖထံက သိရပါတယ်။
Read More

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ”ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၅/၂၀၂၅”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ''ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် - ၅/၂၀၂၅"