မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လအတွင်းမှာ အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်မှုတွေကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၃ ယောက် အပါအဝင် ၁၈ နှစ်အောက် ကလေးငယ် ၁၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

အခုလ ဇူလိုင်လ ၁ ရက်ကနေ ၂၂ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်တစ်နှစ်အရွယ် ကလေးငယ် ၃ ယောက် အပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် မိန်းကလေး (၈) ယောက်နဲ့ ယောက်ျားလေး (၁၁) ယောက် စုစုပေါင်း (၁၉) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ သေဆုံးသူတွေထဲမှာ မန္တလေးတိုင်းက (၆) ယောက်နဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး သေဆုံးသူစုစုပေါင်းထဲက (၁၅) ယောက်ဟာ စစ်အုပ်စု လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အုပ်စု မတရားစစ်အာဏာလုချိန်ကစလို့ ဇူလိုင် ၂၂ ရက် မနေ့ကအထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေ​ကြောင့် သေဆုံးခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၆၉၈၀) ဦး ရှိပြီဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက် ၁ လက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စစ်သား ၃ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ နေအိမ် ၄ လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ Karenni Human Rights Group (KnHRG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့နယ် ပကဖရဲ့ မွမ်းမံစစ်ပညာသင်တန်းဆင်း ရဲဘော်တွေကို ဂုဏ်ပြုခြင်းနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ခြင်း

တနင်္သာရီတိုင်းအခြေစိုက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မွမ်းမံစစ်ပညာသင်တန်းဆင်း လောင်းလုံးမြို့နယ်(ပကဖ)ရဲဘော်တွေကို ဂုဏ်ပြုခြင်းနဲဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ လောင်းလုံး ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ 
Read More

ပေါက်မြောက်ပိုင်းကို ဝင်ရောက်သည့် အကြမ်းဖက်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုဘက် ၁၂ ဦး သေကာ အများအပြားထိခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ ၄ ရက်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၁၂ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရတဲ့အထိ ချေမှုန်းနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ဒေါက်တာ တေဇာဆန်းနှင့်အဖွဲ့ ဆန္ဒပြခဲ့သည့် နေရာပတ်ဝန်းကျင် ဈေးဆိုင်ခန်းများကို အကြမ်းဖက်စစ်အုပ်စု အင်အားသုံးဖျက်ဆီး

မန္တလေးမြို့လယ်၊ စျေးချိုအတွင်း ဒေါက်တာတေဇာဆန်းနဲ့အဖွဲ့ ဆန္ဒပြခဲ့တဲ့အပေါ် မကျေနပ်တဲ့ စစ်အုပ်စုက ဆန္ဒပြတဲ့ ပတ်ဝန်းကျင်နေရာက စျေးဆိုင်တွေကို အင်အားသုံးဖျက်ဆီးခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ အပါအဝင် သပိတ်အတွက် နှိုးဆော်တာတွေလုပ်ဆောင်ခဲ့တဲ့ ဒေါက်တာတေဇာဆန်းနဲ့ သပိတ်အဖွဲ့ဝင်တွေရဲ့ ဒီဇင်ဘာလ ၃ရက်နေ့ ဆန္ဒဖော်ထုတ်မှုအပြီးမှာ စစ်အုပ်စုက အခုလို လုပ်ဆောင်ခဲ့တာပါ။
Read More

KNU တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်း စစ်တပ်ဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ စစ်သား ၈၈ ယောက် သေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်မှာ နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၈၈ ယောက် သေဆုံးခဲ့တယ်လို့ KNU - ဖာပွန်ခရိုင်က တရားဝင် ထုတ်ပြန်ထားပါတယ်။