မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို လက်နက်ကြီးတွေ၊ စနိုက်ပါတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဗိုလ်လင်းယုန်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ တွဲတွန်းသင်္ဘော ၁ စီး နစ်မြုပ်ပြီး စစ်သင်္ဘော ၁ စီးနဲ့ အခြားတွန်းသင်္ဘော ၂ စီး မီးလောင်ပျက်စီးခဲ့ပါတယ်။

Video – Bo Linn Yone

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်အုပ်စုကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ AIF Myanmar ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ ရှေ့တန်းတပ်စခန်း၊ ဒရုန်း Jammer တွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံကို AIF Myanmar က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ တိုက်ခိုက်မှုအတွင်း ဒရုန်း Jammer ၂ ခု ၊ ထောက်ပံ့ရေး စုဆောင်းနေရာ ၄ ခုတို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး ရှေ့တန်းတပ်စခန်းရှိ စစ်အရာရှိ ၂ ဦး၊ တပ်သား ၆ ဦးသေဆုံးကာ နဲ့ ၈ ဦး ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆဒုံးမြို့ကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှု ကလေးငယ်များအပါ ပြည်သူ ၈ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ကို အကြမ်းဖက်စစ်ကော်မရှင်က စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအများအပြားသေဆုံးပြီး ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စလင်းမြို့နယ် ကပစ ၂၅ နဲ့ ကပစ ၂၁ သို့ သွယ်တန်းထားတဲ့ မီးလိုင်းပြင်ဆင်ဖို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ ကပစ ၂၅ နဲ့ ကပစ ၂၁ သို့ သွယ်တန်းထားတဲ့ မီးလိုင်းတွေကို ပြင်ဆင်ဖို့လာတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင် စီစစ်ကြောင်းကို စက်တင်ဘာ ၁၈ ရက်က တိုက်ခိုက်ခဲ့တယ်လို့ သိမ်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးထံက သိရပါတယ်။
Read More

မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ တပ်မ ၁၀၁ သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် (ရုပ်/သံ)

မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ တပ်မ ၁၀၁ သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ယောက်သေဆုံးပြီး ခြောက်ဘီးယာဉ် ၁ စီး၊ G-3 ကျည် ၁၈ တောင့်၊ဆိုင်ကယ် ၂စီး သိမ်းဆည်းရရှိ (ရုပ်/သံ)
Read More

မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကား၂ စီးကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၁၃ ဦး သေပြီး သေနတ် ၂ လက် ရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်လမ်းခွဲကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာ တဲ့ ကား ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ Black Eagle Defence Force - MMU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့ပေါ် သေနတ်ပစ်ဖောက် ကားလုယက်မှု ဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်နယ် လားရှိုးမြို့ပေါ် ရပ်ကွက် ၅ မှာ သေနတ်ပစ်ဖောက်ပြီး ကားလုယက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။