ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာမှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းက ဖားကန့်မြို့နယ် မှော်စီစာရွာမှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း မြေစာပုံပြိုကျမှု ကြောင့် တစ်ပိုင်တစ်နိုင် ရေမဆေးကျောက်ရှာဖွေသူ ၂ ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

“သေဆုံးသူ နှစ်ဦးပါ။ ကျောက်ကျင်းတူးသူတွေပါ။ ကမ်းပါးပြိုရာမှာ မြေစာနဲ့အတူ ရောပါ သေဆုံးသွားတာပါ။ အရင်ကတော့ အဲ့နေရာမှာ မြေပြိုတာ မကြားမိပါဘူးဗျ။ ဖားကန့်မှာတော့ ကမ်းပါးပြိုတာ၊ နွံကန်ပေါက်တာတွေကြောင့် လူအစုလိုက်သေဆုံးမှုတွေ ရှိပါတယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

သေဆုံးသူ ၂ ယောက်ဟာ မြေစာပုံပြိုကျမှုအတွင်း ပါသွားခဲ့တာဖြစ်ပြီး ရုပ်အလောင်းတွေကို ပြန် လည်တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“ရှာဖွေရေးကို အဲ့အနီးနားကလူတွေနဲ့ သေဆုံးသွားသူရဲ့ မိသားစုတွေကပဲ ရှာကြတာပါ။ လူမှုရေးအသင်းတွေက ရုပ်အလောင်းတွေ့တဲ့အခါ သုဿန်ပို့ဆောင်ပေးကာ သင်္ဂြိုဟ်နိုင်ဖို့ စီစဉ်ပေးတာပဲ လုပ်နိုင်ပါတယ်” လို့ အထက်ပါ ဖားကန့်နယ်ခံက ဆက်ပြောပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ပျောက်ဆုံးနေသည့် တိုက်လေယာဉ်ကို ပစ်ချခဲ့တာဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီက ပျောက်ဆုံးနေကြောင်း ဒီနေ့ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ် ဖား‌ဆောင်းမြို့နယ်အတွင်းမှာ အပျက်အစီးတွေနဲ့တကွ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
Read More

စစ်ကော်မရှင်လက်အောက်ခံ ရှမ်းနီတပ် (SNA) ၏ ဂျန်မာတင်ယာဉ်ကို KIA ပူးပေါင်းတပ် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာရှိ စစ်ကော်မရှင်တပ်နဲ့ သူ့လက်အောက်ခံ ရှမ်းနီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်စဉ် ဂျန်မာတင်ယာဉ် ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲဘော်များကို KIA လက်နက် ၁၀၀ ကျော် တပ်ဆင်ပေး (ရုပ်/သံ)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်း ရဲဘော်တွေကို KIA က လက်နက် ၁၀၀ ကျော် တပ်ဆင်ပေးခဲ့တယ်လို့ အနောက်မြောက်လွင်ပြင်သို့ကမ်ပိန်းက ဆိုပါတယ်။
Read More

ပေါက်မြို့နယ် ရေယာဉ်တောင်ရွာကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီး နေအိမ် ၃၁ လုံး မီးလောင်ပြာကျ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ် ကပစ ၂၄ ကို သွားမယ့် စစ်ယာဉ်တန်းရဲ့ ရှေ့ပြေးစစ်တပ်စစ်ကြောင်းဟာ ရေယာဉ်တောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၁ လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃၊ အပတ်စဉ် ၆ စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃၊ အပတ်စဉ် ၆ စစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ မိုးကြိုးစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။