မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီး-မြို့သစ် လမ်းပိုင်းမှာ မြဝတီနယ်ခြားစောင့်တပ်က ဗိုလ်ကြီး နိုင်သူရ ဆိုသူကို ဖမ်းဆီးရမိပြီး စခန်းခေါ်ယူစစ်ဆေးရာမှာ လက်နက်လု ခုခံတဲ့အတွက် မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် – တပ်ရင်း ၃ (တောင်တွင်းကြီး) ပြန်ကြားရေးဌာနတာဝန်ခံက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၂၂ရက်၊ ဒီနေ့မနက်ပိုင်းမှာ တောင်တွင်းကြီးမြို့ဘက်ကနေ မောင်းနှင်လာတဲ့ ပရိုဘောက်အဖြူရောင် ကား ၁စီးကို တောင်တွင်းကြီး-မြို့သစ် လမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရှောင်တခင် တားဆီးစစ်ဆေးရာ ကားမောင်းနှင်လာသူဟာ (၁၀၁၈) မြဝတီနယ်ခြားစောင့်တပ်က ဗိုလ်ကြီးနိုင်သူရ ဖြစ်နေကြောင်း သိရပါတယ်။

အဲ့ဒီနောက် ဗိုလ်ကြီးနိုင်သူရကို ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် (တောင်တွင်းကြီး) တပ်ဖွဲ့ဝင်တွေက စခန်းအတွင်း ခေါ်ယူစစ်ဆေးရာမှာ နိုင်သူရက တပ်ဖွဲ့ဝင်တွေအပေါ် မချေမငံပြန်လည်ပြောဆိုရင်း ကိုယ်ထိလက်ရောက်ခုခံတဲ့အတွက် မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် – တပ်ရင်း၃ (တောင်တွင်းကြီး) က ထုတ်ပြန်ပါတယ်။

“သူ့ကို စခန်းခေါ်လာတယ်။ ပထမတော့ စခန်းမှာ ချုပ်ပြီး မေးမြန်းစုံစမ်းတာတွေလုပ်ဖို့ ကြိုးစားခဲ့တာပါ။ လက်ထိပ်ခတ်၊ ထိပ်တုံးခတ်ထားတာပေါ့။ အဲ့မှာ သူက အပေါ့သွားချင်တယ်ပြောလို့ ရဲဘော်ကို လိုက်ပို့ဖို့ ခွင့်ပြုလိုက်တယ်။ ဒီမှာတင်ပဲ သူ့ဘက်က ရန်လိုတဲ့အပြုအမှုတွေပြပြီး တံတွေးနဲ့ထွေးပါတယ်။ သတ်ချင်သတ်ပစ်လိုက်လို့ပြောပြီး နပမ်း၀င်လုံးပါတယ်။ ဒီမှာ လက်နက်လုတာမျိုး လုပ်လာတဲ့အတွက် မဖြစ်မနေ ရှင်းလင်းခဲ့ရတာပါ” လို့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် – တပ်ရင်း ၃ (တောင်တွင်းကြီး) ပြန်ကြားရေးဌာနတာဝန်ခံက မောင်းကို ပြောပါတယ်။

ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ ဗိုလ်ကြီး နိုင်သူရ

သေဆုံးသွားတဲ့ ဗိုလ်ကြီး နိုင်သူရဟာ (၁၀၁၈) နယ်ခြားစောင့်တပ် မြဝတီကတဆင့် ခလရ(၂၉) မြစ်ကြီးနားကို ပြောင်းရွှေ့ရမယ့် စကစ အရာရှိ ၁ယောက်ဖြစ်ကြောင်း၊ တပ်အပြောင်းအရွှေ့လုပ်ဆောင်ဖို့ မန္တ‌လေးကတဆင့် မြစ်ကြီးနားကို လေယာဥ်နဲ့ သွားရောက်နိုင်ဖို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ထွက်ခွာလာချိန်မှာ အခုလို ဖမ်းဆီးရှင်းလင်းခံရတာဖြစ်ကြောင်း သိရပါတယ်။

“သူက မြ၀တီကနေ မန္တလေးကိုသွားတာမှာ အမြန်လမ်းကို မသုံးဘဲ ရန်ကုန်-မန္တလေး လမ်းဟောင်းကိုသုံးတာပေါ့။ အရပ်သားပုံစံနဲ့ပဲဆိုတော့ အထောက်အထားတွေ စစ်မိမှ စကစ ဗိုလ်မှန်းသိတာပါ။ လက်နက်မပါဘူး။ သူတစ်ယောက်တည်းပါပဲ။ ကျနော်တို့သိရသလောက် တောင်တွင်းကြီးမှာ သူ့အမျိုးတွေရှိတယ်။ အဲ့တော့ ဝင်တွေ့ပြီး လာတာလည်း ဖြစ်နိုင်ပါတယ်။ လမ်းဟောင်းသုံးတယ်ဆိုတာကလည်း အမြန်လမ်းမှာကျ သူတို့အတွက်က ဘယ်လိုမှ လုံခြုံမှု မရှိတော့ဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေက မကြာမကြာ လမ်းပေါ်တက် စစ်ဆေးတတ်တော့ သူတို့အတွက်က သေလမ်းကို သွားရသလိုပဲ ဖြစ်နေတာပါ။ ဒါကြောင့် လမ်းဟောင်းကိုပဲ အသုံးပြုလာတာ ဖြစ်ပါလိမ့်မယ်။ သိမ်းဆည်းရမိတာတွေနဲ့ ပတ်သက်လို့ ဆက်လက်ပြီး ထုတ်ပြန်သွားပါမယ်” လို့ ပြန်ကြားရေးဌာနတာဝန်ခံက မောင်းကို ပြောပါတယ်။

အခုလို ပစ်ခတ်ရှင်းလင်းရတာဟာ မဖြစ်မနေ လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် စစ်ကောင်စီ အရာရှိ၊ အရာခံတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အဖမ်းခံရတဲ့အခါ ရန်ပြုခုခံတာမျိုး မလုပ်သင့်ကြောင်း၊ စစ်သုံ့ပန်းဥပဒေတွေအတိုင်း အပြည့်အဝ လိုက်နာကာ ဖမ်းဆီခံသုံ့ပန်းတွေကို လက်ဝယ်ထားရှိချိန် အသက်အန္တရာယ် မထိခိုက်စေဖို့ လုံးဝ တာဝန်ယူမှာဖြစ်ကြောင်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် – တပ်ရင်း၃ (တောင်တွင်းကြီး) က ထုတ်ပြန်ထားပါတယ်။

သက်သေခံစာရွက်စာတမ်းများ
0 Shares:
You May Also Like
Read More

ဆင်ဖြူကျွန်းရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်တာကြောင့် ပြည်သူများ ရှောင်တိမ်းကြရန် တော်လှန်ရေးတပ်များ အသိပေး

မကွေးတိုင်း၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေ ရှောင်တိမ်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း နဲ့ ဗမာ့တပ်တော် (BA) တို့က အသီးသီး ထုတ်ပြန်ထားပါတယ်။
Read More

လယ်ဝေးတွင် ​အင်အား ၁၀၀ ကျော်ပါစစ်ကြောင်း နှင့် တော်လှန်ရေးတပ် တိုက်ပွဲ၂ ကြိမ် ဖြစ်ပြီး စစ်အုပ်စုဘက်က၂၀ ကျော် သေဆုံး

နေပြည်တော်၊ လယ်ဝေးမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အယောက်၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (Myaylatt Bamar Defense Force) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စဉ့်ကူးမြို့အနီး ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်းစဉ့်ကူးမြို့အနီးမှာ ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမြို့နယ်အတွင်း စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

NUG ဒုဝန်ကြီး ​ဒေါ်အိသဉ္ဇာမောင်နဲ့ ဒီမော့ဆို PDF တွေ့ဆုံ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုဝန်ကြီး ဒေါ်အိသဉ္စာမောင်က ကရင်နီပြည်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် - DMO PDF နဲ့ တွေ့ဆုံပြီး နိုင်ငံရေး အခြေအနေတွေ ရှင်းလင်းတင်ပြခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။