အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 – အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းတွေမှာ တပြိုင်တည်း ကျင်းပခဲ့တယ်လို့ ဒီနေ့မှာ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အခမ်းအနားတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ သစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာ ဖတ်ကြားခြင်း၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရုံး စစ်ဆင်ရေးမှူး ရဲဘော်စောရှားက ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် PDF စစ်ရုံးချုပ် ဒုစစ်ရေးချုပ်က ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တာဝန်ခံ ရဲဘော်အောင်စံရှားက (၄) နှစ်ပြည့်မိန့်ခွန်းပြောကြားခြင်းနဲ့ ရန်ကုန်တိုင်း ပကဖ ထောက်ပို့တာဝန်ခံက ဂုဏ်ပြုအမှတ်တရစကားတွေ ပြောကြားခြင်းတို့ပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ဇူလိုင်လကနေ ၂၀၂၅ ဇူလိုင်လအတွင်း အသက်ပေးလှူခဲ့ရတဲ့ SOF ကျဆုံးရဲဘော်တွေကိုလည်း “သက်စွန့်အာဇာနည်ဆုတံဆိပ်”တွေ ချီးမြှင့်ခဲ့သလို ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံးကာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရပေမယ့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူတွေကို “ကိုယ်ကျိုးစွန့်သူရဲကောင်းဆုတံဆိပ်”တွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် SOF တပ်ဖွဲ့ (၄) နှစ်ပြည့်အမှတ်တရ အားကစားနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကာ ဂုဏ်ပြုဆုငွေတွေလည်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က စတင်ဖွဲ့စည်းပေးခဲ့ပြီး ဇူလိုင်လ ၂၁ ရက် မနေ့က တပ်ဖွဲ့ စတင်ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲ

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့ ဧပြီလ ၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမှာ လွတ်ရက်စေ့ပြီး လွတ်လာတဲ့ နိုင်ကျဉ်းတချို့ တရားမဝင် ပြန်လည်ဖမ်းဆီး အချုပ်ချခံထားရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ လွတ်ရက်စေ့ပြီးလွတ်​မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ရဲက ပြန်လည်ဖမ်းဆီးပြီး အချုပ်ချထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦး​ဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။
Read More

ပြင်ဦးလွင်မှာ စစ်ကောင်စီဗိုလ်ကြီးဆိုသူက လုပ်ငန်းရှင်တွေကို အွန်လိုင်းပေါ်ကတဆင့် ငွေလိမ်အလှူခံနေ အာဏာပိုင်တွေက ရပ်ကွက်အလိုက် စစ်မှုထမ်းကြေး ငွေသိန်းနဲ့ချီ တောင်းခံမှုတွေရှိနေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ  ဗိုလ်လောင်းသင်တန်းပို့ချပေးနေတဲ့ ဗိုလ်ကြီး မျိုးသီဟဆိုသူက အရပ်သားလူငယ်တွေရဲ့ဖုန်းကို အသုံးပြုပြီး လုပ်ငန်းရှင်တွေဆီက ငွေကြေးလိမ်လည်အလှူခံနေကြောင်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုင်းရှင်းဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းခွဲခံရပြီး ၁ ယောက်သေ၊ ၃ ယောက် ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းလင်းရေးပြုလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းက မိုင်ထောင်ဖောက်ခွဲခဲ့လို့ အကြမ်းဖက်စစ်သားတစ်ယောက်သေဆုံးပြီး သုံးယောက်အပြင်းအထန် ဒဏ်ရာတွေရရှိသွားတယ်လို့ သိရပါတယ်။
Read More

နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်း သယ်ဆောင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်၊ စစ်သား ၇ ဦး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က သတင်းထုတ်ပြန်လာပါတယ်။
Read More

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။