အင်းစိန်အကျဥ်းထောင်အတွင်း စစ်တပ်ရဲ့ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကို ခံစားရင်း ကွယ်လွန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို ဒီနေ့ မနက်ပိုင်းမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၀ ရက်က အင်းစိန်အကျဉ်းထောင်အတွင်း ကွယ်လွန်ခဲ့တဲ့ မဝတ်ရည်အောင်ကို ဇူလိုင်လ ၂၁ ရက်မှာ အကျဉ်းဦးစီးဌာနက အမိန့်ပြန်တမ်း ဖတ်ကြားကာ မိသားစုဆီ အလောင်းပြန်ပေးခဲ့ပြီးနောက် ဇူလိုင်လ ၂၂ ရက် ဒီနေ့ မနက် ၁၁ နာရီမှာတော့ ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

စစ်ကြောရေးကပေးတဲ့ ဒဏ်ရာတွေကြောင့် ကျဆုံးခဲ့တဲ့ မဝတ်ရည်အောင်အတွက် အင်းစိန်ထောင်က ထောင်လွတ်မိန့် ထုတ်ပေးရာမှာတော့ နာတာရှည်အတက်ရောဂါကြောင့် ကွယ်လွန်တယ်လို့ ဆိုထားပါတယ်။

အသက် ၂၆ နှစ်သာ ရှိသေးတဲ့ နိုင်ငံရေးအကျဉ်းသူ၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးတာကို ခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်မှာလည်း ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခံခဲ့ရပါတယ်။

မဝတ်ရည်အောင်ဟာ ဖမ်းဆီးခံရစဥ် စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ခံရမှုတွေကြောင့် ဦးခေါင်းတွင်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဦးနှောက်အကျိတ်တည် ဒဏ်ရာနဲ့ သတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်း စတဲ့ အရေးပေါ်အခြေအနေတွေ ခံစားခဲ့ရပေမယ့် စစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဌာနက လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ မပေးခဲ့ဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းအပတ်စဉ် (၄) သင်တန်းဆင်း တပ်သားသစ် ၉ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာ၊ လက်နက်နဲ့အလင်းဝင်လာသူများကို သိန်း ၅၀ သိန်းစီ BNRA ဆုချ…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်ကူအဖြစ် ရောက်ရှိနေတဲ့ စစ်မှုထမ်းအပတ်စဉ် (၄) သင်တန်းဆင်း စစ်သား ၉ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတာကြောင့်၊ လက်နက်ပါသူတွေကို ငွေကျပ်သိန်း ၅၀ စီ ဆုချီးမြှ့င်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲဲအတွင်း Myingyan Black Tiger တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံး၊ အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း Myingyan Black Tiger (MBT)တပ်ဖွဲ့က တပ်ဖွဲ့ဝင် ၇ယောက် ကျဆုံးကာ ခြေလက်င်္အဂါဆုံးရှုံးခဲ့သူတွေအပါအဝင် ရဲဘော်အယောက် ၃၀ ကျော်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ကော့ကရိတ်မြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်၊ စစ်တပ်က ၇ ဦးထက်မနည်း သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၇ ယောက်ထက်မနည်း သေပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Southern Eagle PDF က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၆ ဦး သေပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကိုခြေကုပ်ယူဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ ယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြင်းမူမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး ၂ နှစ်အရွယ် ကလေးငယ်​ သေဆုံး၊ ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂ နှစ်သား ကလေးငယ် ၁ယောက် သေဆုံးပြီး အရပ်သား ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တိုက်ပွဲအတွင်း ထိမှန်ကာ ဆေးရုံရောက်ခါနီးမှ ကျဆုံးခဲ့သည့် ရဲဘော်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တိုက်ပွဲအတွင်း ထိမှန်ဒဏ်ရာရခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ဟာ ဆေးကုသဖို့ သွားနေစဥ် လမ်းခရီးအခြေအနေကြောင့် ဆေးရုံရောက်ခါနီးမှာပင် ကျဆုံးသွားခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၄ တပ်ရင်းထံက သိရပါတယ်။