မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်တံတားဆိပ်ကမ်းမှာ ရပ်နားထားတဲ့ Harmony River Cruise (ထီးလှိုင်) အပျော်စီးသင်္ဘောဟာ မနေ့က ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေထံက သိရပါတယ်။ 

သင်္ဘောနစ်မြုပ်ခဲ့တဲ့ မနက်အစောပိုင်းအချိန်က မော်လမြိုင်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာမျိုး မရှိခဲ့သလို လေပြင်းတိုက်တာမျိုးတွေလည်း မရှိခဲ့တဲ့အတွက် သင်္ဘောဟာ သက်တမ်းရင့်လွန်းနေတာကြောင့် သူ့ဘာသာ နစ်မြုပ်သွားတာဖြစ်မယ်လို့ မြို့ခံတွေက မှတ်ချက်ပြုကြပါတယ်။ 

“လှေက ‌ကြာနေပြီဆိုတော့ ဆွေးနေတာ ရေတက်တဲ့ချိန် လှေရဲ့ ဝမ်းဗိုက်ကို ရေတွေ ဝင်နေတာကနေ မြုပ်သွားတာ … တကယ်တော့ သင်္ဘောမြုပ်တဲ့ အချိန်မှာ မိုးလည်းမရွာဘူး ပုံမှန်ပဲ။ မြုပ်ပြီးမှ မိုးရောလေရော ပြင်းပြင်းနဲ့ရွာတာ” လို့ မော်လမြိုင်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။ 

အဆိုပါ သင်္ဘောဟာ ရေကြောင်းဌာနပိုင် ထီးလှိုင်ရှင် သင်္ဘောဖြစ်ပြီး မိုးရာသီဖြစ်တာကြောင့် ပြေးဆွဲနေခြင်းမရှိတဲ့အချိန်မှာ နစ်မြုပ်သွားတာဖြစ်တယ်လို့ သိရပါတယ်။ 

အထက်ပါ ဒေသခံကပဲ ဆက်လက်ပြီး “သင်္ဘောက မိုးရာသီမို့ ကမ်းနားမှာ ရပ်ထားတာ ကံကောင်းသွားတယ်။ ပြီးခဲ့တဲ့ နွေရာသီထိကို ညနေတိုင်း ပြေးနေတုန်းပဲ။ စီးတဲ့သူတွေလည်း ရှိနေတုန်းပဲ။ အခုချိန်ထိကို ပြန်မပေါ်လာသေးဘူး။ မြုပ်နေတာကို လူတွေသိတဲ့အချိန်မှာ မှောက်ခုံတောင် ဖြစ်နေပြီ” လို့ ဆိုပါတယ်။ 

သင်္ဘောနစ်မြုပ်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိကြောင်းနဲ့ နစ်မြုပ်ရာနေရာကို စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပို့ဆောင်ရေးဝန်ကြီး လာရောက်ကြည့်ရှုခဲ့ပြီး အမြန်ဆုံး ပြန်လည်ဆယ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

နိုဝင်ဘာလအတွင်း ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနှင့်ရဲ (၃၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့

နိုဝင်ဘာလအတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တဲ့ ဗိုလ်မှူး (၁) ယောက် အပါအဝင် စစ်သားနဲ့ ရဲ (၃၃) ယောက်ဟာ ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်မှာ အသိပေး ထုတ်ပြန်လာပါတယ်။ 
Read More

နွေဦးတော်လှန်ရေးမှာ ပြည်ပရောက် မြန်မာလူမှုအဝန်းအဝိုင်း၏ ပါဝင်ထောက်ပို့မှု အထူးအရေးပါကြောင်း NUG သမ္မတရုံး ပြောခွင့်ရ ပြောကြား

နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာကို ရောက်ရှိနေတဲ့ မြန်မာလူမှုအဝန်းအဝိုင်းရဲ့ ပါဝင်ထောက်ပို့မှုအခန်းကဏ္ဍက အထူးအရေးပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ​ပြောဆိုလိုက်ပါတယ်။
Read More

ဆောမှာ စစ်ရှောင်စခန်းတစ်ခုက သားအမိနှစ်ယောက် တောင်ကျချောင်းရေနဲ့အတူ မျောပါသေဆုံး၊ရေတိုက်စားသွားလို့ ပိတ်ထားရတဲ့လမ်းပိုင်းကို တစ်ရက်တည်း ဝိုင်းဝန်းပြုပြင်ခဲ့ကြ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ တောင်ကျချောင်း​ရေထိုးကျပြီး စစ်ရှောင်စခန်းနေ သားအမိ ၂ယောက် ရေထဲမျောပါသေဆုံးခဲ့သလို လက်ရှိမှာ ကလေးအလောင်းကိုသာ ပြန်လည်ရှာတွေ့ထားတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

ချီဗွေစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းများစွာ စစ်ကောင်စီထံက ရရှိ

KIA က ထိန်းချုပ်သိမ်းပိုက်လိုက်တဲ့ ချီဗွေစခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီထံကနေလက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ ရှေ့တန်းရောက် ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာဖော်ပြလာပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့၏ အပတ်စဉ် (၄) စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဩဂုတ်လ ၁၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်က ထုတ်ပြန်ထားပါတယ်။