စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မြေနက်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉ က သတင်းထုတ်ပြန်ထားပါတယ်။

အရာတော်မြို့နယ် မြေနက်ကျေးရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇူလိုင် ၁၅ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၇ ရက်နေ့မှာတော့ စစ်ကောင်စီတပ်သားတွေ ငွေတွင်းပျူစခန်းကို ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗျူဟာ (၆၆) စစ်ကြောင်းနဲ့အတူ အရာတော်မြို့နယ်ပကဖ၊ ဘုတလင်မြို့နယ်ပကဖ၊ ဝက်လက်မြို့နယ်ပကဖ၊‌ ရေဦးမြို့နယ်ပကဖ၊ မုံရွာမြို့နယ်ပကဖ၊ မုံရွာခရိုင်ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၂၀၊ ၁၆)၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ အရာဝောာ်မြို့နယ်နဲ့ဘုတလင်မြို့နယ် ဒရုန်းအဖွဲ့တွေ၊ အခြားမဟာမိတ်တပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထား လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၃ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နိုဝင်ဘာ ၁၁ ရက် မနေ့က ညနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးအများအပြားကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ချောင်းဦး-မြင်းမူ လမ်းပိုင်းမှာ စစ်တပ်ယာဉ် ၄ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းမြို့ကနေ မုံရွာမြို့ နမခကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၄ စီးကို ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ မနက်ပိုင်းက မိုင်း ၁၅ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

Cover ကမ်ပိန်း လှူဒါန်းငွေတွေနဲ့ ကျည်ကာဦးထုပ်၊ ကျည်ကာပြား ဝယ်ယူပြီး ကရင်နီရဲဘော်တွေကို တင်ဆင်ပေး (ရုပ်/သံ)

Cover ကမ်ပိန်းကနေ ရရှိလာတဲ့ လှူဒါန်းငွေတွေနဲ့ ကျည်ကာဦးထုပ်၊ ကျည်ကာပြားတွေ ဝယ်ယူပြီး ကရင်နီရဲဘော် ၄၀ ကျော်အတွက် တင်ဆင်ပေးနိုင်ခဲ့တယ်လို့ Karenni Democratic Front ထံက သိရပါတယ်။
Read More

ပုလဲမြို့မရဲစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို အောက်တိုဘာ ၂၄ ရက် မနက် ၅ နာရီခွဲအချိန်ခန့်က လက်နက်ကြီး ၅ ဆိုင်းနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ ကျားသစ်နက်တပ်မတော်ထံက သိရပါတယ်။
Read More

ပဲခူးရိုးမအစပ် ရေငံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်‌တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ပဲခူးရိုးမအစပ်ရှိ ရေငံကျေးရွာမှာ အင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ် ထန်းဘူးတော စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ထန်းဘူးတောအကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ Myaing Garuda People's Defense Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။