မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၄ နာရီ မိနစ် ၂၀ လောက်မှာ လက်ဆည်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှု ၃ နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဝင်ရောက်စီးနင်းပစ်ခတ်မှုအတွင်း ရဲစခန်းအတွင်းက ရဲတန်းလျား ၄ ဆောင်၊ ဘန်ကာ ၄ ခု အထိ သိမ်းပိုက်နိုင်ခဲ့ပြီး ပင်မအဆောက်အဦး ၁ ဆောင်နဲ့ ဘန်ကာ ၂ ခုသာ ဆက်လက်သိမ်းပိုက်ဖို့ ကျန်နေစဥ် လက်နက်ခဲယမ်း ဖြည့်တင်းဖို့လုပ်နေချိန်မှာပဲ စစ်အုပ်စုဘက်က စစ်ကူအင်အား အများအပြား ထိုးစစ်ဆင်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

“လက်နက်ခဲယမ်း နည်းပါးလာခြင်းနဲ့ တပ်ကူ အလျင်အမြန် ရောက်ရှိလာမှုကြောင့် စခန်းရခါနီးမှ လက်လွှတ်ခဲ့ရတာ။ ကပစ ၂၂ ကနေလည်း အင်အား ၁၀၀ လောက်နဲ့ စစ်ကူလာတယ်” လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

စစ်ဆင်ရေးဖော်ဆောင်ရန် ပြင်ဆင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ
စစ်ဆင်ရေးဖော်ဆောင်ရန် ပြင်ဆင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ

အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း စစ်အုပ်စုဘက်က ၃ ယောက် သေဆုံး၊ ၁ ယောက် ထိမှန်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၂ ယောက် ကျဆုံးကာ ၁ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်တွေကတော့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ် ရဲဘော် ကိုနဂါး အသက် (၃၆)နှစ်နဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ တပ်စုမှူး ရဲဘော် ထွန်းခ (ခ) ရဲဘော် စိုင်းနောင် အသက် (၂၀)နှစ်တို့ ဖြစ်ပြီး အညာမြေတပ်ပေါင်းစုက ရဲဘော်တစ်ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရ ရဲဘော်တစ်ဦး

“ရဲဘော် ၂ယောက်ကတော့ အပြန်အလှန် ပစ်ခတ်ရင်း ကျဆုံးတာပါ။ ကျဆုံးရဲဘော်တွေကို မနေ့ကပဲ သဂြိုဟ်လိုက်ပါတယ်။ တိုက်ပွဲမှာ Type-81 သေနတ် (၂)လက် ဆုံးရှုံးခဲ့ရပါတယ်” လို့ ကိုဘိုဘိုသန့်ဇင်က ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစုနဲ့အတူ အမှတ် (၈) စစ်ကြောင်း ဦးဆောင်မှုနဲ့ ပခုက္ကူခရိုင်တပ်ရင်း-၁၉၊ တပ်ခွဲ-၃ (ဆိပ်ဖြူ ဗိုလ်မထားတပ်ဖွဲ့) ၊  ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု (PLC) ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၊ God of Myaing ၊ PL PDF ၊ ကိုရေခဲနှင့် ကိုဗလဦးဆောင်သော လူငယ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ်တွင် စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်(၄) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံး(၂) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု နေအိမ် (၄) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချို PDF တပ်ဖွဲ့မှာ တာဝန်ထမ်း‌ဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ပြည်သူ့ပန်းတိုင်က ငွေကြေး ထောက်ပံ့ကူညီ

ရှမ်းပြည်မြောက်ပိုင်းက နောင်ချို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (နောင်ချို PDF) မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်က သူ့စစ်တပ်ကို အမွှန်းတင်၊ ဒီချုပ်အစိုးရကာလကို အပြစ်တင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ကတိမတည် အခွင့်အရေးသမားတွေအဖြစ် စွပ်စွဲ

ပြီးခဲ့တဲ့ ဒီချုပ်အစိုးရဟာ တိုင်းတစ်ပါးသားတွေကို ယုံကြည်မှုလွန်ကဲလို့ တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းရေးလျှို့ဝှက်ချက်တွေလည်း ပေါက်ကြားခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဘီးလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၃ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီက အကျဉ်းသားများကို လက်နက်တပ်ဆင်ပေးပြီး တိုက်ပွဲဖြစ်ပွါးရာ နေရာများတွင် ခံစစ်အတွက် ပြင်ဆင်နေ

အာဏာသိမ်း စစ်ကောင်စီက တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အကျဉ်းသားတွေကို လက်နက်တပ်ဆင်ပေးပြီး ခံစစ်အတွက် အသုံးပြုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM) က မတ်လ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများကို အရေးယူ‌ပေးရန် နိုင်ငံတကာကို မန္တလေး-PDF တိုက်တွန်း

အရပ်သားများအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကို အရေးယူပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က နိုင်ငံတကာကို ယမန်နေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။