မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော် လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်-၈ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၈ ရက် ညနေပိုင်းက မလှိုင်မြို့နယ် မြင်းသေကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက တားဆီးတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း BA-63 ၂ လက်၊ MA-2 ၁ လက်နဲ့ အခြားလက်နက်ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းနဲ့အတူ မိတ္ထီလာခရိုင် အမှတ်(၂) တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ်(၃) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – မြင်းခြံခရိုင် အမှတ်-၈ တပ်ရင်း

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အနောက်ပိုင်း ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကုန်းကျေးရွာကို သလဲဘာပျူစခန်းမှာ အကြမ်းဖက်စစ်ကောင်တပ်သားတွေက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အနောက်ခြမ်း ကျောက်ကုန်းကျေးရွာကို သလဲဘာပျူစခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မတ်လ ၁၇ ရက် နေ့လယ်ပိုင်းစစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပကဖမှ ထုတ်ပြန်ထားပါတယ်
Read More

ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် အမြန်ရေယာဥ် ၂စီးဖြင့် ထွက်လာသည့် အကြမ်းဖက်စစ်သားများကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးဖို့ အမြန်ရေယာဉ် ၂ စီးနဲ့ ထွက်လာတဲ့ စစ် ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-ပုသိမ်လမ်းပိုင်းမှာ ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၃ စီး ထိခိုက်ပျက်စီး ပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ဧပြီ ၂ ရက် ညပိုင်းက ကြေးနီတင်ယာဉ် ၆ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၃ စီး ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေခဲ့တယ်လို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် အကြမ်းဖက်စစ်တပ်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၁၉ ရက် နေ့လည်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့ထံက သိရပါတယ်။