အကြမ်းဖက်စစ်ကောင်စီ မတရား ဖမ်းဆီးအကျဥ်းချထားပြီး အကျဥ်းထောင်ထဲမှာပဲ မနေ့က ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ စျာပနကို ဒီနေ့မှာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၁ ရက် ဒီနေ့မှာ ကျဆုံးသူ မဝတ်ရည်အောင်ရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကို အင်းစိန်းဆေးရုံကြီးကနေ ရေဝေးသုဿန်အအေးခန်းဆီ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ နာယကကြီးဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင် သရုပ်ဆောင်ထွန်းကိုကိုနဲ့ အသင်းသူအသင်းသားတွေ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၂၆ နှစ်သာ ရှိသေးတဲ့ နိုင်ငံရေးအကျဥ်းသူ မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ရက်မှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်မှာလည်း ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခံခဲ့ရပါတယ်။

မဝတ်ရည်အောင်ဟာ ဖမ်းဆီးခံရစဥ် စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ခံရမှုတွေကြောင့် ဦးခေါင်းတွင်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဌာနက လုံလောက်တဲ့ ဆေးဝါးကုသမှုတွေလည်း မပေးခဲ့ဘူးလို့ သိရပါတယ်။

ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင်ဟာ စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရကာ ထောင်ထဲမှာ ဦးနှောက်အကျိတ်တည် ဒဏ်ရာနဲ့ သတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်း စတဲ့ အရေးပေါ်အခြေအနေတွေ ခံစားခဲ့ရပြီး ၄နှစ်ခန့်အကြာမှာတော့ အင်းစိန်ထောင်အတွင်း ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဗုံးခိုကျင်းတည်ဆောက်ရေးနှင့် အသိပညာပေးလုပ်ငန်းတွေအတွက် ငွေကျပ် (၁၈.၂) ဘီလီယံအထိ အသုံးပြုထား

ဗုံးခိုကျင်းတည်ဆောက်ရေးနဲ့ အသိပညာပေးလုပ်ငန်းတွေအတွက်  ငွေကျပ် (၁၈.၂) ဘီလီယံအထိ အသုံးပြုထားကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ အင်အား ၁၀၀ ကျော်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိခဲ့တယ်လို့ 96 Solider PDF (အညာဒေသ) ဆီက သိရပါတယ်။
Read More

စစ်အုပ်စု လူမျိုးရေး မုန်းတီးလှုံ့ဆော်နေသည်ဟု တော်လှန်ရေးအသိုင်းအဝိုင်း သတိပေး

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဟာ လူမျိုးရေးမုန်းတီးလှုံ့ဆော် လမ်းလွှဲခြင်းတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ သတိပြုကြဖို့ ဦးမင်းကိုနိုင် အပါအဝင် တော်လှန်ရေးလူပုဂ္ဂိုလ်တွေနဲ့ တော်လှန်အဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု Chinland Council ဆို

“အကြမ်းဖက်စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် နိုင်ငံရေးတွင် စစ်တပ်အနေဖြင့် တရားဝင် ရပ်တည်ရေးအတွက်ဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကိုသာ ပိုမိုကြန့်ကြာစေမည်ဖြစ်သည်။ ထို့ကြောင့် ချင်းပြည် (Chinland) ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲကို ချင်းပြည် (Chinland) ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်သည်” လို့ ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Read More

ရန်ကုန်မြို့ အသံတိတ်သပိတ် မြင်ကွင်း (ဓာတ်ပုံသတင်း)

ဒီဇင်ဘာ ၁၀ ရက်၊ ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အာဏာသိမ်းစစ်ကော်မရှင်ကို ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် Silent Strike ဆင်နွှဲနေကြတဲ့ ရန်ကုန်မြို့ရဲ့ လူသူရှင်းလင်းနေတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ “ငါတို့မြို့၊ ငါတို့ လှုပ်ချင်လှုပ်မယ်၊ ငါတို့ ငြိမ်ချင်ငြိမ်မယ်” ဆိုပြီး မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
Read More

စစ်ကောင်စီရဲ့‌ လေကြောင်းတိုက်ခိုက်မှု တည်နေရာ မှားယွင်းသွားတာကြောင့် အချင်းချင်း ပစ်ခတ်မှုတွေဖြစ်ပြီး စစ်သား အယောက် ၇၀ ထက်မနည်း သေဆုံးဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွါးနေချိန် စစ်ကောင်စီဘက်က တည်နေရာ မှားယွင်းပစ်ခတ်မိတာကြောင့် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားပြီး  အယောက် ၇၀ ထက်မနည်း သေဆုံးသွားတယ်လို့ Generation Z Power အဖွဲ့ကနေသတင်းထုတ်ပြန်ထားပါတယ်။