ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပိုင်းမှာ ရှေ့တန်းရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သား ၃ယောက် လက်နက်နဲ့တကွ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၁ ထံ အလင်းဝင်ရောက်လာတယ်လို့ KNU – Mergui – Tavoy District က သတင်းထုတ်ပြန်ပါတယ်။

ခလရ ၂၈၀ နဲ့ ခလရ ၂၆၇ က စစ်ကောင်စီတပ်သား ၂ယောက်ဟာ ဇူလိုင်လ ၂၀ရက်မှာ MA1 သေနတ် ၂လက်၊ ကျည်ဘောက်နဲ့ ကျည်တချို့ကို ယူဆောင်ကာ အလင်းဝင်လာခဲ့ပြီး သူတို့ကို ဂုဏ်ပြုဆုငွေတချို့ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

“ထွက်ပြေးတဲ့သူတွေက ရှေ့တန်းမြေပြင်မှာပဲ ထွက်ပြေးတယ်။ နောက်တန်း စစ်သား မဟုတ်ဘူး။ ကျနော်တို့က ဆုပေးတာ နည်းနည်းတော့ ပေးလို့ရတာပေါ့။ များများတော့ မပေးနိုင်ဘူးလေ။ လူအင်အားကလည်းများတော့ လိုအပ်ချက်တွေလည်း များတယ်” လို့ KNU တပ်မဟာ ၄ မြိတ် − ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နား က မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ခလရ ၁၀၃ တပ်ရင်းကနေ စစ်ကောင်စီတပ်သား ၂ယောက် အလင်းဝင်ဖို့ ထွက်ပြေးလာချိန် စစ်အုပ်စုက တွေ့ရှိပြီး သေနတ်နဲ့ လိုက်လံပစ်ခတ်ရာ တစ်ယောက် ထိမှန်သေဆုံးခဲ့ပြီး ကျန်တဲ့တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်ကာ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၁ ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“စကစ စစ်သား ၂ယောက် ကျနော်တို့ဆီ အလင်းဝင်လာဖို့ ထွက်ပြေးတဲ့အချိန် တခြားစစ်သားတွေ လိုက်ပြီး ပစ်တဲ့အတွက်ကြောင့် သူ့သူငယ်ချင်းတစ်ယောက် ဆုံးတယ်။ သူတစ်ယောက်ပဲ လွတ်သွားတယ်။ သူက လက်နက် မပါဘူး” လို့ ပဒိုစောအယ်နားက ပြောပါတယ်။

ထွက်ပြေးအလင်းဝင်လာသူ ၃ ယောက်လုံးဟာ မောတောင်လမ်းတဝိုက် တိုက်ပွဲဖြစ်ပွားရာ နေရာကို စစ်ကူလာတဲ့လူတွေ ဖြစ်ပြီး စစ်ကူလာချိန် တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အခုချိန်ထိ တိုက်ပွဲနေရာကို မရောက်ခဲ့ဘူးလို့ ဆိုပါတယ်။
“ကျန်တဲ့ စစ်ကောင်စီတပ်သားတွေကို ပြောချင်တာကတော့ အထူးသဖြင့် အတင်းအဓမ္မ စုဆောင်းခံရတဲ့ လူငယ်တွေ ရှေ့တန်းရောက်တဲ့အချိန်မှာ ထွက်ပြေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ထွက်မ‌ပြေးရင် အသေခံရမှာ။ စကစ က နယ်မြေစိုးမိုးပြန်ရဖို့အတွက် သူတို့က စစ်သားသစ်တွေ စုဆောင်းပြီးတော့ ထိုးစစ်ဆင်တဲ့အချိန်မှာ ရှေ့တန်းကိုပို့ စစ်တိုက်ခိုင်းတယ်။ အသေခံခိုင်းတယ်။ အဲ့အတွက်ကြောင့် ထွက်ပြေးပါ၊ အသက်ရှင်အောင် ထွက်ပြေးပါ” လို့ ပဒိုစောအယ်နားက ပြောခဲ့ပါတယ်။

ဇူလိုင်လ ၁၄ရက်နဲ့ ၁၅ရက်နေ့တွေမှာလည်း မြိတ်-ထားဝယ်၊ လေဒိုစိုးနယ်မြေ နတ်အိမ်တောင် နယ်စပ်စခန်းကို စစ်ကူလာတဲ့ စစ်အုပ်စုနဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ယောက်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

KNU တပ်မဟာ (၄) တပ်ရင်း (၁၁) ထံ အလင်းဝင်လာသူများ (ဓာတ်ပုံ KNU – Mergui-Tavoy District)

0 Shares:
You May Also Like
Read More

မန္တလေး Golden City အဆောက်အဦး ဖြိုချရှင်းလင်းရေးလုပ်ဆောင်နေစဉ် ပြိုကျခဲ့

မန္တလေးက Golden City အဆောက်အဦး ရှင်းလင်းရေးလုပ်ဆောင်နေချိန် ပြိုကျခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရသူတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ မန္တလေးစည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
Read More

ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ဆရာဆရာမတချို့ PDF ထောက်ပံ့တယ်ဆိုပြီး စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ကျောင်းဆရာ ဦးကြည်ဝင်း အပါအဝင် ဆရာဆရာမတချို့ကို PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ငါ့သရောက်တိုက်ပွဲအတွင်း စစ်ကြောင်းမှူး စောစောစီးစီး သေကာ စစ်အုပ်စု ဖရိုဖရဲဖြစ်၊ သေဆုံးသူ အယောက် ၇၀ ကျော်ထဲမှာ ပုဂံညောင်ဦးမြို့ပေါ်မှ ပြည်သူ့စစ် အများအပြား​ပါဝင်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စစ်​အုပ်စုတွေကို စစ်ကြောင်းမှူး အပါအဝင် စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တော်လှန်ရေးတပ်တွေက စည်းစည်းလုံးလုံးနဲ့ ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

မြောက်ခင်ရန်း ပျူရွာကို အမည်မသိလူအချို့ စားနပ်ရိက္ခာများ ပို့ဆောင်ရောင်းချနေဟု ဆို

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခင်ရန်း ပျူရွာကို အမည်မသိလူတချို့က စားနပ်ရိက္ခာတွေ ပို့ဆောင်ရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ခင်ဦးနယ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေ ကိုယ့်ဒရုန်းကိုယ်ပြန်ခေါ်ရင်း ဗုံးသီးပြုတ်ကျလို့ ၆ယောက်သေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မူးမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေဆီ ဒရုန်းနဲ့ ဗုံးသီးချပြီး အရပ်သားတွေကို တိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေပေါ် ဒရုန်းပြန်ပြုတ်ကျကာ စစ်သားနဲ့ ပျူ ၆ ယောက် သေတယ်လို့ ခင်ဦးမြို့နယ်၊ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီ… (ဓာတ်ပုံသတင်း)

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ၊ နိုင်ငံရေးဌာန ရဲဘော်တွေက ဒီဇင်ဘာ ၂၅ ရက်က သွားရောက်ပြီး ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီခဲ့တယ်လို့ သိရပါတယ်။