မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က ရဲကား ၁ စီး တိုက်ခိုက်ခံရမှုမှာ ကားပေါ်ပါတဲ့ ရဲ ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ​၁ ယောက်က မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၂၀ ရက်၊ မနေ့က မနက်အစောပိုင်းမှာ ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း မိုင်တိုင် (၃၁၈) ဘက် မောင်းနှင်လာတဲ့ အထက်ပါရဲကားကို နွားထိုးကြီး PDF တပ်ဖွဲ့ဝင်တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို နွားထိုးကြီး PDF ဖြစ်တဲ့ မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကားပေါ်ပါတဲ့ ရဲ ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့တိုက်ခိုက်ခဲ့တာ ရှေ့တန်းကို လူပို့ဖို့လာတဲ့ ကားဖြစ်မယ်ဗျ။ ရဲကားပါ” လို့ နွားထိုးကြီး PDF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီနောက်မှာတော့ သေဆုံးသွားတဲ့ ရဲတွေဆီက BA-94 သေနတ် (၂) လက်နဲ့အတူ ကျည်ဘောက် (၅)ဘောက်၊ 9mmကျည် (၁၂၃) တောင့်နဲ့ 7.62 ကျည် (၁၂၇)တောင့်ကို နွားထိုးကြီး PDF တပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါ့အပြင် ရဲကားကိုပါ မီးရှို့ဖျက်ဆီးရင်း အခင်းနေရာကနေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါနွားထိုးကြီး PDF တာဝန်ရှိသူက ပြောခဲ့ပါတယ်။

နွားထိုးကြီး PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ မကြာခဏ ဆိုသလို အမြန်လမ်းပေါ် တက်ရောက်ပြီး စစ်ကောင်စီဂိတ်စခန်းတွေနဲ့ ရဲကားတွေ၊ စစ်ကားတွေကို ပြောက်ကျားတိုက်ခိုက်နေတာဖြစ်သလို လမ်းပိုင်းစစ်ဆေးရေးတွေလည်း လုပ်ဆောင်နေတာဖြစ်ကြောင်း သိရပါတယ်။

ရဲကားကို ပစ်ခတ်တိုက်ခိုက်မှုအပြီး နွားထိုးကြီး PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ် (ဓာတ်ပုံ နွားထိုးကြီး PDF)

0 Shares:
You May Also Like
Read More

ဘုရားသုံးဆူရှိ သတ္တုမိုင်းတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ပုဂံမြို့သစ်တွင် ဆက်ကြေးကောက်နေသည့် ပျူခေါင်းဆောင်နှင့် နောက်လိုက် ၈ ယောက်ကို ပစ်ခတ်ရှင်းလင်း၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ပျူစောထီးခေါင်းဆောင်နဲ့ နောက်လိုက်နောက်ပါ ပျူစောထီး ၈ ယောက်ကို ချေမှုန်းရှင်းလင်းခဲ့တယ်လို့  ထနောင်းမြေစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံအနောက်ဖက် စစ်ရှောင်စခန်း ၂ နေရာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ ၄ နှစ်အရွယ် ကလေးငယ်နှင့် မိဘနှစ်ပါး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဖက်က စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ - PK Police က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ငါ့သရောက်တွင် စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်နေချိန် အရပ်သားများ ရောနှောသွားသဖြင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲမှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက်​ရင်း တိုက်ပွဲအတွင်း အရပ်သားတွေ ရောနှောလာတာကြောင့် အရပ်သားထိခိုက်မှုမရှိရအောင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ရှမ်းတောင်နှင့် ကရင်နီအစပ်မှာ ဖြစ်ပွားခဲ့သည့် ၂လကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၄၀ ကျော် သေဆုံး…

ရှမ်းနဲ့ ကရင်နီအစပ် ဆီဆိုင်မြို့က ရွှေတဂူစခန်းကုန်းသိမ်းပွဲအပါအဝင် ၂ လတာအတွင်းလုပ်ဆောင်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ ​ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင် အယောက် ၄၀ ကျော် ထိခိုက်သေဆုံးပြီး လက်နက်အလက် ၃၀ ကျော်နဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

KNU ဥက္ကဋ္ဌ အဖွဲ့ဝင်များ၊ Chinland အစိုးရအဖွဲ့ဝင်များအပါအဝင် AA နှင့် PDF တို့ကို ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် စစ်ကော်မရှင် အမှုဖွင့်ထား

ကရင်အမျိုးသားအစည်အရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့ဝင် ၁၃ ယောက်၊ အာရက္ခတပ်တော် AA နဲ့ ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ယောက်တို့ကို အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။