မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က စစ်ကြောင်းထိုးရွာမီးရှို့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ စဥ့်ကူးနယ်မြေ ရဲစခန်းတို့ကို ၂ ရက်ဆက် တိုက်ခိုက်မှုမှာ စခန်းမှူးအပါ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Bagan Bo Cho PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့ မနက်အစောပိုင်းက ညောင်ဦးမြို့နယ်၊ မီးလောင်ဖျားတောင်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ရင်း စစ်ကောင်စီတပ် ဝရုန်းသုန်းကားဖြစ်နေချိန် ဒရုန်းနဲ့ပါ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အထိနာသွားတဲ့စစ်အုပ်စုတွေက စစ်ကြောင်းပြန်လည်ဆုတ်ခွာရာမှာ မီးလောင်ဖျားမြောက်ရွာ နွားတင်းကုတ်တွေပေါ် မီးလောင်တုတ်တွေ ပစ်ခတ်မီးရှို့ခဲ့သလို ဥယျာဉ်ရွာ၊ တဲတိုက်၂ လုံးကိုလည်း ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ စစ်ရှောင်အရပ်သား ၈ ယောက်ကို ဖမ်းဆီးခေါ်ဆောင်ရင်း ထိခိုက်သေဆုံးသူတွေကို လိုက်ထရပ်ကား ၃ စီးနဲ့ ပြန်လည်သယ်ဆောင်သွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေကို ညောင်ဦးဆေးရုံဆီ ပို့ဆောင်ရင်း ကျန်ရှိ စစ်ကောင်စီတပ်သားတွေဟာလည်း ဇူလိုင်လ ၁၂ ရက် အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ညောင်ဦးမြို့အခြေစိုက် အမှတ် (၄၁၅) ခြေလျင်တပ်ရင်းထဲ ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း Bagan Bo Cho PDF တာဝန်ရှိသူက ပြောပါတယ်။

အထက်ပါစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က စလို့ ပုဂံမြို့သစ်၊ ဂန့်ဂေါရွာကနေ ထွက်လာခဲ့တာဖြစ်ပြီး ရွာခံပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေအပြင် သံချပ်ကာကားတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်ယာဥ်တန်းဟာ ပုဂံညောင်ဦး-ချောက်လမ်းပိုင်းက မြေသန့်တောင်ရွာအနီးမှာ စစ်ကူကာကင်းအဖြစ် ဝင်ရောက်တပ်စွဲရင်း မီးလောင်ဖျားရွာကို စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ ထိတွေ့မှုဖြစ်ခဲ့တာလို့ Bagan BO Cho PDF တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ Bagan Bo Cho နဲ့ ပူးပေါင်းတပ်တွေက ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်လည်း စဉ့်ကူရဲစခန်းမှူးအပါဝင် ထိခိုက်သေဆုံးသူတွေ ရှိခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကို Bagan Bo Cho PDF နဲ့အတူ ပေါက်မြို့နယ် ပကဖ ဒရုန်းအဖွဲ့၊ မကွေးတိုင်း PDF ဒရုန်းအဖွဲ့ နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

“စစ်ကြောင်းက ခဏခဏ လှုပ်နေသေးသလို နယ်မြေမတည်ငြိမ်သေးတော့ သတင်းကို ရက်ခွာထုတ်ဖြစ်တာပါ။ နှစ်ရက်ပေါင်း တိုက်ခိုက်မှုတွေကနေ စစ်တပ်ဘက်က ၇ ယောက်လောက် သေပါတယ်” လို့ Bagan BO Cho PDF တာဝန်ရှိသူက ပြောပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ရှေးဟောင်းစေတီဘုရားပုထိုးတွေ ထိခိုက်ပျက်စီးမှုမရှိစေဖို့ တောလှန်ရေးတပ်တွေဘက်က ရှောင်ရှားကြပေမယ့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကတော့ ဘုရားစေတီ၊ ပုထိုးတွေကို အကာအကွယ်ယူတပ်စွဲရင်း လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း၊ ဒီလိုမျိုးလုပ်ဆောင်ရင်း နိုင်ငံတကာစာမျက်နှာတွေထက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပုံရိပ်ကျဆင်းအောင်လုပ်ဆောင်နေတာတွေလည်းရှိကြောင်း Bagan Bo Cho PDF က အသိပေးထားပါသေးတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် တရုတ်ကို ထွက်ခွာအပြီး နာရီပိုင်းအကြာ နေပြည်တော်လေဆိပ် တိုက်ခိုက်ခံရ

နေပြည်တော်မှာ အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပဲ နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်လို့ ပြည်သူတွေ အသုံးမပြုဖို့ သတိပေး

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်သာ မှာ စစ်တပ်က ကျေးရွာတွေကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲလို့ အမျိုးသမီး ၂ဦး ဗုံးသီးထိမှန် သေဆုံး

မန္တလေးတိုင်း မိထ္ထီလာခရိုင် တောင်သာမြို့နယ် ညောင်ကုန်းကျေးရွာကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်း ရှိကာ၊ အိမ်မွေးတိရိစ္ဆာန်အချို့ပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ဂုတ်ကြီးစခန်းကို AA ပြန်လည်ထိန်းချုပ်နိုင်ခဲ့ဟု ဆို

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အမ်း-ပဒါန်းလမ်းပေါ်က အရေးပါတဲ့ ဂုတ်ကြီးကာကင်းစခန်းကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ရွှေဘိုနှင့် စဉ့်ကူးကို ဆက်သွယ်ထားသည့် ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

ကပစ ၂၂ မှ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကြောင့် ပြည်သူများ ရိုက်နှက်ခံရ၊ နေအိမ်များ မီးရှို့ခံရကာ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အစပ်ရှိ ကပစ ၂၂ က ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တဲ့အတွက် အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။