မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းခွဲထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၁၉ ရက် မနေ့က မနက်ပိုင်းမှာ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြာင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ရင်း နောက်ကနေ လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီအတွက် ကုလားရှင်ကျေးရွာနဲ့ ဝမ်းဘဲအင်းကျေးရွာကြားက နတ်မောက်-စိုင်ကောင်းလမ်းပေါ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးမှုများခဲ့ကြောင်း ဗိုလ်ငါးခူကပြောပါတယ်။ 

“အင်အား ၁၅၀ လောက်ရှိတဲ့စစ်ကြောင်းက ကုလားရှင်ရွာကနေ ၂ ကြောင်း ခွဲထွက်လာတယ်ပေါ့။ တစ်ကြောင်းက ကုလားရှင်တောင်ဘက် လျှော်တောင်ရွာဘက်ကိုပါ။ နောက်တစ်ကြောင်းကတော့ ဝမ်းဘဲအင်းကိုပေါ့။ နောက်ဆုံးထွက်လာတဲ့ စစ်ကြောင်းကို ကျနော်တို့ မိုင်းဆွဲပြီးတော့ နောက်ကလိုက်ပြီးပစ်ရာကနေ  နောက်ချန် စကစကင်းနဲ့ တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။ စကစဘက်က ၁၀ ကောင်လောက် သေပြီး ဒဏ်ရာရတာတွေ များတယ်လို့ အတွင်းသတင်းတွေအရ သိရပါတယ်” လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီက ထိခိုက်သေဆုံးသူတွေကို နာရေးကားတွေနဲ့ သယ်ထုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ သရက်ခရိုင် အမှတ် (၃) ငါးပြေမတပ်ရင်းနဲ့အတူ နတ်မောက် ပကဖ နဲ့ တပ်ပေါင်းစုတွေ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ရက်နေ့ကစလို့ နတ်မောက်မြို၊ ရွာမွန် ကပစ ကနေ ထွက်ခွာလာတဲ့ အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ ကုလားရှင်ကျေးရွာထဲ ဝင်ရောက်တပ်စွဲနေခဲ့တာဖြစ်ပြီး ငါးပြေမပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ဇူလိုင် ၁၇၊ ၁၈ နဲ့ ၁၉ ရက်နေ့တွေအထိ ၃ ရက် ဆက်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

“စစ်ကြောင်းက အခုထိမဆုတ်သေးပါဘူး။ စိုင်ကောင်း-နတ်မောက်လမ်းကြောပေါ်မှာပဲ ရှိနေပါသေးတယ်” လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်ငါးခူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်းတွင် ၂၀၂၅ ခုနှစ် ၄ လတာအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ဦး သေဆုံးခဲ့

မကွေးတိုင်းအတွင်း ဇန်နဝါရီလ အစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

က.လ.လ.တ ပျားတူတပ်ဖွဲ့ရဲ့ အပတ်စဥ် ၃ အခြေခံ စစ်သင်တန်းဆင်းပွဲ အခမ်းအနား

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး က.လ.လ.တ -  ပျားတူတပ်ဖွဲ့ရဲ့ အပတ်စဥ် ၃ အ​ခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ (၂၁) ရက် ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ ထောက်ခံတဲ့ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပြည်သူတွေ ခက်ခဲနေတဲ့ကြားက မြို့ပတ်ရထားလက်မှတ်ခတွေကို စစ်ကောင်စီ တိုးမြှင့်ကောက်ခံမယ်

ဒီဇယ်စျေးမြင့်တက်လာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက လက်မှတ်ခတွေကို နှစ်ဆကျော်တိုးမြှင့်ကောက်ခံတော့မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုရှိ စစ်ကောင်စီ၏ ခမရ ၂၀၇ တပ်ရင်း ကာကင်းစခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၀၇ တပ်ရင်းမှာရှိတဲ့ ကာကင်းစခန်းတွေကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အင်းတကော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။