ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့က နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့ အမှတ် (၁၂) ရပ်ကွက်မှာရှိတဲ့ နည်းပညာအထက်တန်းကျောင်းနဲ့ အနီးတဝိုက်ကို ဒီနေ့ မနက်အစောပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီဖက်က လေကြောင်းနဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်‌ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူတွေ ထိခိုက်မှု မရှိခဲ့ပေမယ့် ကျောင်းအဆောက်အဦးအများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နွားထိုးကြီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦး ထက်မနည်း သေဆုံး၊ စစ်မှုထမ်းတပ်သားသစ် ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ စစ်သုံ့ပန်းနှင့် လက်နက်တချို့ PDF သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကူလာတဲ့အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း Natogyi People Defence Force တာဝန်ရှိသူက ပြောပါတယ်။
Read More

တိုကျိုမြို့ရှိ Ikebukuro ၏ Global Ring Theatre တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် စတုဒီသာပွဲ ပြုလုပ်ခဲ့

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ikebukuro ရဲ့ Global Ring Theatre မှာ အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် စတုဒီသာပွဲကို ဇွန်လ ၂၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်သား ၃ ဦး အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်ကော်မရှင်တပ်သား ၃ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက နိုဝင်ဘာ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကရင်ပြည်နယ် အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ အကြမ်းဖက်စစ်တပ်က အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ပွားနေ

ကရင်ပြည်နယ်က ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ထိန်ချုပ်နိုင်ဖို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာနေတာကြောင့် စစ်တပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မိုင်းထွက်ရှင်းတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အပါ ၅ ယောက် သေ၊ တပ်ကြပ်အလောင်းကို ပစ်ထားခဲ့လို့ တော်လှန်ရေးရဲဘော်တွေ မီးသဂြိုဟ်ပေးခဲ့ရ

မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်မှာ ရိက္ခာထောက်ပို့ယာဥ်တန်းအတွက် မိုင်းထွက်ရှင်းတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်ရှိသူ အပါအဝင် ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ဒေါ်ကြည်ပြာအမှု အမှန်တရား ဖော်ထုတ်မည်ဟု ဒေါက်တာဇော်ဝေစိုး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေပြီး အမှန်တရားအတိုင်း ဖော်ထုတ်သွားမယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလာပါတယ်။