တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ လက်နက်တွေယူဆောင်ကာ  အလင်းဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ 

အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်သား ငြိမ်းချမ်းဟာ ခလရ-၂၈၀ (ခြေလျင်တပ်ရင်း-ပလောက်မြို့) မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး စစ်မှုထမ်းသင်တန်းအပတ်စဉ် (၈) စစ်မှုထမ်းတပ်သား ဖြစ်တယ်လို့လည်း သိရပါတယ်။ 

“သူက စစ်မှုထမ်းတပ်သား၊ ရပ်ကျေးဒေသခံတွေနဲ့ ချိတ်ဆက်လာတာ။ လောလောဆယ်တော့ နေထိုင်ရေးနဲ့ လုံခြုံရေး အဆင်ပြေအောင် စီစဉ်ထားပေးပါတယ်။ ပြီးတော့ ဝန်ကြီးဌာနကနေလည်း ဆုကြေးရရှိဖို့ တင်ပြထားပါတယ်” လို့ ပုလောမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။ 

အဆိုပါ စစ်ကောင်စီတပ်သားဟာ အလင်းဝင်ရောက်ချိန်မှာ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျည် ၂၇ တောင့်ကို ယူဆောင်လာတာခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပုဂံမြို့သစ်တွင် စစ်အုပ်စုကင်းပုန်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့မှုဖြစ်

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မနေ့က သြဂုတ်လ ၂၇ ရက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အမ်းမြို့ (နပခ) တိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ကို CDF – Asho ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းမှ စစ်မှုထမ်းတပ်သား ၅ ဦး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကနေ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သား ၅ ယောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်-၂ တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လုံခြုံရေးအရ အာမခံနိုင်မယ့် မဲဆန္ဒနယ် ၁၆၀ ကျော်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ

၂၀၂၅ မှာ စစ်ကောင်စီဘက်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် ၁၆၀ ကျော်လောက်ပြုလုပ်နိုင်မယ့် အနေအထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

စိုင်ပြင်လေးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို ဓားစာခံအဖြစ် နမခ ထဲ ခေါ်သွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
Read More

၇ လအတွင်း စစ်အုပ်စုဘက်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၆ ဦးနှင့် ဗိုလ် ၁ ဦးအပါ ၄၀၉ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း NUG ထုတ်ပြန်

၂၀၂၅ ခုနှစ် ပထမ ၇ လတာ ကာလအတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်ထံကနေ ဗိုလ်မှူး ၂ ယောက် အပါအဝင် စစ်ကော်မရှင်တပ်သား ၄၀၉ ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။