မန္တလေးတိုင်း နွားထိုးကြီးမြို့လယ်ရှိ နန္ဒှဝန်ပန်းခြံဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုမှာ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်းရဲဘော်တွေက အာဇာနည်နေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယနေ့ဇူလိုင် ၁၉ ရက်မှာကျရောက်တဲ့ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် နွားထိုးကြီး မြို့လယ် နန္ဒဝန်ပန်းခြံ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုရှေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလံတစ်ဝက်လွှင့်တင်တာ၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အလေးပြုခြင်း၊ အောက်မေ့ဖွယ်ငြိမ်သက်ခြင်းများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Video-မြင်းခြံခရိုင် အမှတ်-၈ တပ်ရင်း
0 Shares:
You May Also Like
Read More

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို စက်လှေနဲ့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့မှ စက်လှေ ၃ စီးနဲ့ မြောင်မြို့နယ် ‌ကျောက်ရစ်ရဲစခန်းကို တပ်ချိန်းဖို့ လာတဲ့ အကြမ်းဖက်စစ်သား အင်အား ၆၀ ခန့်ကို တိုက်ခိုက်ခဲ့တယ်လို့ Royal Brother Defence Forceအဖွဲ့ထံက သိရပါတယ်။
Read More

ရေပူရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်များအား တိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာအနီး ဖေဖော်ဝါရီ ၁၆ ရက်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၈ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ နဂါးဖြူတပ်ရင်း ရဲဘော် ၃ ယောက်အား အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၈ စခန်းကို တိုက်ခိုက်ခဲ့စဉ် ကျဆုံးခဲ့ရတဲ့ နဂါးဖြူတပ်ရင်းရဲဘော် ၃ ယောက်အား အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့တယ်လို့ White Dragon -P29904 မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် MBT တပ်ဖွဲ့ဝင်များ မြို့တွင်းတွင် လှည့်လည်အောင်ပွဲခံ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင် (Operation CB) နဲ့အတူ Myingyan Black Tiger (MBT)တပ်ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဧပြီ ၁၀ ရက်မှာ MBT က သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ MBT တပ်ဖွဲ့ဝင်တွေဟာ မြို့ကိုသိမ်းပိုက်အပြီး မြို့တွင်းမှာ လှည့်လည်အောင်ပွဲခံခဲ့ကြတယ်လို့လည်း သ်ရပါတယ်။
Read More

နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံနဲ့ ကနားနယ်မြေရဲစခန်းရှိ စစ်ကောင်စီလက်အောက်ခံတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံနဲ့ ကနားနယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီး ၄ လုံးစီ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

COBRA ONE တပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ တော်လှန်ရေးအစပိုင်း လက်လုပ်သေနတ်ကို စမ်းသပ်ပြသ (ရုပ်/သံ)

တော်လှန်ရေးအစပိုင်းမှာ ထုတ်လုပ်အသုံးပြုခဲ့တဲ့ လက်လုပ်သေနတ်ကို COBRA ONE တပ်ဖွဲ့က စမ်းသပ်ပြသလိုက်ပါတယ်။