ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်မြေဖြစ်တဲ့ မကွေးတိုင်း၊ နတ်မောက်မြို့ကို အာဇာနည်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ စာသင်ကျောင်းနဲ့ ဘုရားစေတီ ထိခိုက်ပျက်စီးခဲ့တယ်လို့ အောင်ဆန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၁၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ မနက်ပိုင်းမှာ နတ်မောက်မြို့ရှိ ကံသာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိပေမယ့် စာသင်ကျောင်းအဆောက်အဦးနဲ့ စေတီတဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဇာနည်နေ့ မတိုင်ခင် မနေ့က ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေအိမ်(ပြတိုက်) ကို သွားရောက်ချိန် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပြောကြားခဲ့ပေမယ့် ဒီနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်မြေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဆေးဝါးပစ္စည်းဝယ်ယူရန် အခက်အခဲရှိသည့် ထိန်းချုပ်နယ်မြေရှိ ပြည်သူလူထုဆီ ဓနုဆေးတပ်ဖွဲ့ ကွင်းဆင်း ဆေးကုသပေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA) ထိန်းချုပ်နယ်မြေရှိ ဆေးဝါးပစ္စည်းဝယ်ယူဖို့ အခက်အခဲရှိတဲ့ ပြည်သူလူထုဆီ ဓနုဆေးတပ်ဖွဲ့က တိုက်ရိုက်ကွင်းဆင်းပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်‌ပေးခဲ့တယ်လို့ DPLF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောထိမြို့နယ်တွင် စစ်အုပ်စု တရက်အတွင်း ၁၂ ကြိမ် လေကြောင်းတိုက်ခိုက်ကာ ပေါင် ၅၀၀ ဗုံး ၂၄ လုံး ကြဲချ၊ မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ကို အကြမ်းဖက်စစ်တပ်က တရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် မိန်းကလေးငယ် ၁ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူကြောင့် တော်လှန်ရေးအောင်မြင်နေတာဖြစ်ပြီး ပြည်သူတွေ ဒုက္ခကို ကြံ့ကြံ့ခိုင် ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ KNU အထွေထွေအတွင်းရေးမှူးချုပ် ပြော

နွေဦးတော်လှန်ရေး အောင်မြင်နေတာဟာ ပြည်သူကြောင့် ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဒုက္ခကို ကြံ့ကြံ့ခိုင်ကာ ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။
Read More

ဆီဆိုင်မှာ စစ်ကောင်စီတပ် မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံရွာမှာ အကြမ်းဖက်စစ်ကောင်စီက ဒရုန်းအသုံးပြုကာ မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် ဖျက်သိမ်းလိုက်တဲ့ ကစထ (၆) ဆိုတာ ဘာလဲ

အကြမ်းဖက်စစ်တပ်ဟာ နေပြည်တော်ကို တာဝန်ယူရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့- ကစထ ၆ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
Read More

၂၀၂၄ တစ်နှစ်တာအတွင်း ပြည်သူ ၅ ထောင်ကျော်နဲ့ ရဲဘော် ၂ ထောင်နီးပါးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း လောင်းလုံး PDF ထုတ်ပြန်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။