မကွေးတိုင်း ပခုက္ကူမြို့နယ် ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် PKU တပ်ဖွဲ့ထံက သိရပါတယ်။

ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ပခုက္ကူမြို့နယ် ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေ ဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားသူနဲ့ ဒဏ်ရာရရှိသူတွေကို အရှေ့ဘုန်းကံနဲ့ ပခုက္ကူမြို့ရှိ သီတာလမ်းစစ်ဆေးရေးအထိလုံခြုံရေးယူကာ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အရှေ့ဘုန်းကံရွာရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီးနောက် အင်အား ၇၀ ခန့် ထပ်မံဖြည့် တင်ထားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင်ပြည်သူကာကွယ်ရေး PKU ၊King cobra ၊Southern yso local တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် ဝက်ပုတ်ရွာနှင့် ဆိပ်သာရွာအကြား စစ်‌ကော်မရှင်တပ်သားများ မိုင်းနင်းမိပြီး အများအပြားထိခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ဝက်ပုတ်ရွာနဲ့ ဆိပ်သာရွာကြားမှာ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိပြီး အများအပြားထိခိုက်မှုရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မဂျီကျေးရွာ အထိုင်ချ စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မဂျီကျေးရွာမှာ အင်အား ၅၀ ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ထံက သိရပါတယ်။
Read More

KNDF ဗျူဟာအမှတ် -၂ မှ ရဲဘော်တွေ ရှေ့တန်းမှာ ဘယ်လိုတိုက်ခိုက်လဲ (ရုပ်သံ)

KNDF ဗျူဟာအမှတ် -၂  ရဲဘော်တွေ ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့နေတဲ့ မှတ်တမ်းရုပ်သံတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
Read More

စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရသည့် ကျေးရွာအား မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း မီးရရှိအောင် ဆောင်ရွက်ပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရတဲ့ ရွာ ၁ ရွာကို လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရေး Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်းက ကြိုးစားလုပ်ဆောင်ခဲ့ပြီး ၆၀ ရာခိုင်နှုန်း မီးပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းငေါ့မြို့ ပြည်သူတွေနေထိုင်ရာ ရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲမှု အရပ်သား ၂ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်တွင် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း သပိတ်မှောက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းမြို့နယ်အတွင်း စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့ General Strike Coordination Body က ထုတ်ပြန်ထားပါတယ်။