မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် (PKU) တပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင်လ ၁၉ ရက် ဒီနေ့ မနက် ၁၀ နာရီလောက်မှာ အရှေ့ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း သေဆုံးသွားသူနဲ့ ဒဏ်ရာရသူတွေကို အဲ‌ဒီနေ့ နေ့လယ် ၁၁ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
လာရောက်သယ်ဆောင်ချိန်မှာလည်း အရှေ့ဘုန်းကံနဲ့ ပခုက္ကူမြို့ရှိ သီတာလမ်းစစ်ဆေးရေးဂိတ်အထိ ဖောကား ၃ စီး၊ မတ်တူ ကား ၁ စီးက အင်အား ၃၀၀ ခန့် နဲ့ လာရောက်ကင်းချခဲ့တယ်လို့ ဆိုပါတယ်။

” သေဆုံးမှု နဲ့ ဒဏ်ရာရတာတွေကို ကျနော်တို့ အတွင်းသတင်းရ သိရတယ်။ ဒဏ်ရာရှိတဲ့လူနဲ့ သေတဲ့ရုပ်အလောင်း လာသယ်တဲ့ အချိန်မှာလည်း အင်အားအများကြီးနဲ့ ကင်းချထားတယ်” လို့ ဒေါင်းညီနောင် PKU တပ်ဖွဲ့ရဲ့ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီနောက် စစ်ကောင်စီတပ်သားတွေဟာ အရှေ့ဘုန်းကံရွာထဲမှာ အင်းအား ၇၀ ခန့် ထပ်မံဖြည့်တင်းထားတယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ဒေါင်းညီနောင်ပြည်သူကာကွယ်ရေး PKU ၊King cobra ၊Southern yso local တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်သားတွေဟာ ဇူလိုင် ၁၅ ရက်ကလည်း ပခုက္ကူလေယာဉ်ကွင်း အနောက်ဘက်ကို ကင်းပတ်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်တစ်ယောက်အပါအဝင် ၆ ယောက် သေဆုံးကာ ၃ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – အရှေ့ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်စဥ်
0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ဦးအထိ ရှိ…

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် သူတို့ရဲ့ တရားဝင်ထိန်းသိမ်းရေးစခန်းတွေက စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ် ကပစ ၂၄ မှ ဒုတပ်ကြပ် ၁ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) က ဒုတပ်ကြပ်တစ်ယောက် လက်နက် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် (၅) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမခ မှ ထွက်လာသည့် စစ်ကားများကို မုံရွာ-ချောင်ဦးလမ်းပေါ် မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦး​ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကထွက်လာတဲ့ စစ်​ကောင်စီကားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား၇ယောက် သေဆုံးကြောင်း ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း Idoits Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာဆောင်ကို စစ်တပ် ဗုံးကြဲ၊ ၄ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့မှာ CDF ကန်ပက်လက် စစ်ဦးစီးချုပ်ရဲ့ မင်္ဂလာဆောင်ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ၄ ယောက်  သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ် ။
Read More

တရုတ်ရဲ့ ဖိအားပေးမှုဖြင့် TNLA နှင့် အကြမ်းဖက်စစ်ကောင်စီ ကူမင်းမှာ တွေ့ဆုံမယ်…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံရဲ့ စီစဉ်မှုအရ အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့အတွက် ဖေဖော်ဝါရီလ ၁၅ ရက် ဒီနေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ရောက်ရှိနေပြီဖြစ်တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေးမြို့တွင် တာဝန်ကျနေသည့် ခရိုင်နယ်ထိန်း တပ်ကြပ်ကြီး ဘုန်းမြင့် ပစ်ခတ်ရှင်းလင်းခံရ

မွန်ပြည်နယ်၊ ရေးမြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ခရိုင်နယ်ထိန်း တပ်ကြပ်ကြီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က ပြောပါတယ်။