မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် ညီနောင်မဟာမိတ် (၃) ဖွဲ့ထံ ထွက်ပြေး အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သား ၆ယောက်ကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ထားရင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီ လွှဲပြောင်းချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဒေါင်းစစ်အောင် ( Local PDF) တာဝန်ရှိသူ ကိုထူးလေး က မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၇ရက်နေ့က စလင်းမြို့အခြေစိုက် ခလရ ၂၅၄ တပ်ကနေ ထွက်ပြေးအလင်းဝင်ရောက်လာကြတဲ့ အထက်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ ဒေါင်းစစ်အောင်(Local PDF) ၊ ဗမာ့တပ်တော် (BA) နဲ့ ပေါက်​တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့ (SPMRF) တို့က လက်ခံရင်းနေစရာစားစရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့တယ်လို့သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ နေပြည်တော်လယ်ဝေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက အရပ်သားတွေဖြစ်ပြီး စစ်​ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုနဲ့ စစ်မှုထမ်းခံခဲ့ရသူတွေလို့လည်း ဒေါင်းစစ်အောင် ( Local PDF) တာဝန်ရှိသူ ကိုထူးလေး က ပြောပါတယ်။

ပုံစာ – အလင်းဝင်လာသူများကို​ ဒေါင်းစစ်အောင် LPDF တာဝန်ခံက စစ်မေးနေစဥ်

“ပေါ်တာဆွဲခံရသူတွေထဲမှာ ​၁ယောက်က အိမ်ပေါ်အထိ ပေါ်တာဆွဲခံရတယ်ပြောတယ်။ နောက်၁ ယောက်ကျကုန်စိမ်းအရောင်းဝယ်လုပ်ရင်းဆွဲခံရတယ်။ ကျန်တဲ့ ၄ယောက်ကတော့ ပန်းရံအလုပ်သွားရင်းပေါ့။ သူတို့က စစ်အာဏာရှင်ကိုပြန်တွန်းလှန်မယ်ပြောတယ်။ သူတို့ကို အာမခံပြီး ခေါ်ထားတဲ့ စစ်ကိုင်းဘက်ကအဖွဲ့တွေရှိပါတယ်။ သူတို့ညီအစ်ကိုတွေအဖွဲ့ပေါ့။ အဲ့အတွက် ပို့ဆောင်ပေးနိုင်ဖို့ကို ကျနော်တို့ ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်။ အခုလည်းသူတို့ကို စောင့်ကြည့်အနေအထားနဲ့သေချာလေးထားပေးထားပါတယ်။” လို့ ဒေါင်းစစ်အောင် (Local PDF) တာဝန်ရှိသူ ကိုထူးလေး က မောင်းကိုပြောပါတယ်။

သူကပဲဆက်လက်ပြီး” သူတို့တွေ ကျနော်တို့ဆီ စပြီးဆက်သွယ်လာတာက တစ်တော့နဲ့ ဖေ့ဘုတ်ကပါ။ ထွက်ပြေးလာလို့ သွားခေါ်ရတာလည်း စစ်ကောင်စီစိုးမိုးနယ်​မြေထဲအထိလို့ပြောရမယ်။ ကျနော်တို့ဆီ ရောက်ဖို့ကိုတောင် တစ်ညအိပ် ၂ရက်ခရီးပါ။ အဲ့နေရာအထိရောက်ဖို့ အဆင့်ဆင့်ဖြတ်ကျော်ပြီး အခက်ခဲတွေကြားထဲကနေသွားခေါ်ခဲ့ရတာပါ။” လို့ မောင်းကိုပြောပါတယ်။

ညီနောင် မဟာမိတ် (၃) ဖွဲ့အနေနဲ့လက်ရှိမှာ စလင်းမြို့နယ်အတွင်းတိုက်ပွဲတွေဖော်ဆောင်ရာမှာအဓိကလိုအပ်တဲ့ခဲယမ်းကျည်ဆံတွေအတွက် “ဧရာအနောက်ခြမ်း အောင်ပွဲလမ်း ” နူတ်ခမ်းနီ ၈သောင်းကမ်ပိန်း လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမှာ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့ (၂) သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်လာလို့ ပကဖ သွားရောက်ခေါ်ထုတ်ပေး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့  (၂)သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် သွားရောက်ခေါ်ထုတ်ပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်က ပြည်သူတွေကို MDY-PDF က ဆန်အိတ် ၅၀၀ နဲ့ ငွေကျပ်သိန်း ၁၅၀ မတည်လှူဒါန်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်က ကျေးရွာတွေကို ဆန်အိတ်အပိုင်း (၅၀၀) နဲ့ ငွေသား ကျပ်သိန်း(၁၅၀) မတည် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

သန်းခေါင်စာရင်းကောက်နေသူ ၉ယောက်ကို လောင်းလုံး ပကဖ ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ယူနေတဲ့ လူ၉ ယောက်ပါတဲ့ အဖွဲ့ကို ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးပကဖ သတင်းပြန်ကြားရေးတာ၀န်ခံက အတည်ပြုပြောဆိုပါတယ်။
Read More

အညာအခြေစိုက် တပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းလိုက်သည့် ထနောင်းမြေစစ်ကြောင်း

အညာဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ Anyar Federal Task Force (AFTF)၊ Freedom Fighter Guerrilla Force (FFGF) နဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထနောင်းမြေစစ်ကြောင်း (Acacla Column) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

ငလျင်လှုပ်ခတ်စဉ် ငွေသားလုံခြုံရေးအကြောင်းပြကာ တံခါးပိတ်ခဲ့တဲ့ ပျော်ဘွယ် KBZ ဘဏ်မှာ သေဆုံးသူ ၂၀ အထိရှိခဲ့

ငလျင်ကြောင့် ဆိုးရွားစွာ ပြိုကျခဲ့တဲ့ ပျော်ဘွယ်က KBZ ဘဏ်အဆောက်အအုံအတွင်း သေဆုံးသူ ၂၀ အထိရှိခဲ့တယ်လို့ပျော်ဘွယ်မီးသတ်က ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

လှော်ကားနယ်မြေရဲစခန်းထဲ ဝိုင်းဖွဲ့အရက်သောက်နေချိန် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းကို နိုဝင်ဘာ ၁၃ ရက် မနေ့က ညပိုင်းမှာ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တွေ လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။