”စစ်မှုထမ်းဥပဒေဆိုတာ ရှိတာ တိုးတက်တဲ့နိုင်ငံတွေမှာလည်းလုပ်တာပဲ။ အခုဟာက လူသားတံတိုင်းလုပ်တယ်ပေါ့။ လူသားစားနေသလိုပဲ။ အဲလိုပဲမြင်တယ်။ ဒီလိုမျိုးစစ်ပွဲကြီးတွေထဲမှာ ကျွန် တော်တို့လိုစစ်ပွဲအကြောင်းနားမလည်တဲ့ သူတွေ ရှေ့တန်းပို့တာတို့၊ သေတဲ့သူတွေကလည်း သေကုန်ကြပြီ ကျွန်တော်တို့နဲ့ တစ်ပတ်စဉ်ထဲလူတွေ။ သူတို့ဆိုလည်း သာမန်ပြည်သူဘဝကနေပြီးတော့ အိမ်ပြင်ခဏလေးထွက်လိုက်တာ ပါလာတာတို့၊ ခရီးသွားနေရင် ပါလာတာတို့၊ အိမ်ထဲထိ ဝင်ဖမ်းတာတို့၊ အချို့ကလည်း ပိုက်ဆံနဲ့ လူစားလိုက်လာတာပေါ့”

0 Shares:
You May Also Like
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ၁၅နှစ်အရွယ် စစ်ကောင်စီတပ်သား တိုက်ပွဲနေရာတွင် အိပ်ပျော်ရင်း ကျန်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးပြီး ရှေ့တန်းပို့ဆောင်ခံခဲ့ရတဲ့ အသက် (၁၅)နှစ်အရွယ် မောင်နေထက်လင်းကို စစ်သုံ့ပန်းအဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ဖမ်းဆီးရမိခဲ့ပါတယ်။
Read More

‘ညီလေးက ပြည်သူ့သားကောင်း ဖြစ်မယ့်ကောင်’ ဆိုပြီး အချုပ်ထဲထည့်ကာ ညောင်ကျိုးတိုက်ပွဲအထိ ပို့ဆောင်ခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား နန်းလင်းသူ၏ ပြောကြားချက် (ရုပ်/သံ)

''တိုက်ပွဲအနေအထားက တော်တော်ကြမ်းတယ်။AA ထိုးစစ်ကလည်း ကြမ်းတယ်။ တက်သွားတုန်းက အင်အား ၂၀၀ လောက်တက်သွားတာ။ အောက်ကို ပြန်ဆင်းတော့ ၁၂၀ လောက်ပဲ ပြန်လာ တော့တယ်။ နတ်စင်ကုန်းဘက်ကို ပြန်ဆုတ်လာတာ တာဝါတိုင်ကုန်းကို တက်ပြီး ထိုးစစ်ဆင်တော့ အကျအဆုံးများတယ်ဆိုပြီ။ အဲဒီနတ်စင်ကုန်းကို AAက ထပ်ပြီးထိုးစစ်ဆင်တယ် ၂ ရက် ၃ ရက် ခြား။ စနိုက်ဘာနဲ့ နည်းနည်း နည်းနည်း ထိပြီးကျတာ။ အမှည့်ခြွေ ခြွေခံရတာ။ ၇၀ လောက်ပဲရှိတော့ တယ်။ အဲလည်းကျ AAက အင်အား ၁၀၀၀ လောက်နဲ့ဝင်ပြီးတော့ လုံးလိုက်တော့ အခုညောင်ကျိုး ကျသွားပြီ''
Read More

အမိမြေပြန်ပို့ခံရပြီး စစ်ကောင်စီလက်ထဲ ရောက်သွားရင် ဘာဖြစ်မလဲ (ရုပ်/သံ)

ကိုစန်းထွန်းအောင်နဲ့ ကိုအောင်မျိုးကျော်တို့ နှစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ စားဝတ်နေရေးအတွက် ရုန်းကန်ကြိုးစား နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ 
Read More

တစ်ခုတည်းသောမွန်တပ်တော် ပေါ်ထွန်းလာရေး မွန်တော်လှန်ရေးတပ်ဖွဲ့ (၄) ခုရဲ့ ပေါင်းစည်းမှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် တွေ့ဆုံမေးမြန်းခြင်း

မွန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့ မွန်ပြည် လွတ်မြောက်ရေးတပ် (MLA)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည် တော်လှန်ရေးတပ် (MSRF) နဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD) တို့ဟာ ဒီဇင်ဘာလ ၁၈ ရက်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြပြီး မွန်တော်လှန်ရေးတပ်တွေ အားလုံးပါဝင်တဲ့ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေး အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ကြပါတယ်။ 
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် ရတခ လက်အောက်ခံ ခမရ(၃၃၈) တပ်သား- ရန်လင်းဦး၏ ပြောကြားချက် (ရုပ်/သံ)

''ဖြူးမြို့နယ် ကညွတ်ကုန်းမြို့ ကျနော့်မိန်းမရဲ့ သရက်တောကျေးရွာကို သွားလည်တာ။ အဲ့မှာ ပေါ်တာမိလာခဲ့တယ်။ သင်တန်းကျောင်းမှာ ၃ လကြာတယ်။ . . . နောက်မှာ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေကို ပြောချင်တာကတော့ ဒီဘက်ကို အလင်းဝင်လာလို့ရှိရင် စကစ‌အကြီးအကဲတွေ ပြောသလိုမျိုး ဒီမှာ သတ်ဖြတ်မှုမရှိဘူး။ ညီအစ်ကိုတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်။ ကျနော် ဒီမှာ အလင်းဝင်နေတာ တစ်နေ့ကျ အိမ်ကို ပြန်ခဲ့ပါမယ်''
Read More

Loikaw Local PDF ထံသို့ လက်နက်နှင့် အလင်းဝင်ရောက် ခိုလှုံခဲ့သည့် တပ်သား မျိုးသက်ဦး၏ ရင်ဖွင့်စကားသံ (ရုပ်/သံ)

"အိမ်ကို စာရောက်လာတယ်၊ မဲပေါက်တယ်ဆိုပြီးတော့၊ အိမ်ကလည်း အရမ်းစိုးရိမ်တယ်။ လာပြီး ခြိမ်းခြောက်တယ်၊ အိမ်ကို ချိတ်ပိတ်မယ်၊ မလိုက်လို့ရှိရင် ဖမ်းမယ်ဆိုပြီး မိဘတွေကို ခြိမ်းခြောက်တယ်။ အဲဒါနဲ့ ဒီဘက်ကို ရောက်လာတာပါ''