မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ် ၆ လကျော်အတွင်း အရပ်သားပြည်သူ ၁၄၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ဇူလိုင်လ ၁၈ ရက်အထိ မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၇) ယောက်နဲ့ အမျိုးသား (၉၆) ယောက် စုစုပေါင်း (၁၄၃) ယောက် သေဆုံးခဲ့​တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၃) ယောက် ပါဝင်ပြီး သေဆုံးသူ (၁၄၃) ယောက်ထဲက (၇၅) ယောက်ဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး အယောက် (၂၀) ကတော့ စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ AAPP က ဆိုပါတယ်။
ဇူလိုင်လ ၁၅ ရက်က မကွေးတိုင်း၊ ရေစကြိုမြို့ အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၂၅၈) ခြေလျင်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကမ္ဘဲ့ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၁ ယောက်နဲ့ CDM ကျောင်းဆရာမ ကျည်စထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့တဲ့ အမျိုးသမီး ၁ ယောက်ကလည်း ဆေးကုသမှုခံယူနေရင်း ဇူလိုင်လ ၁၆ ရက်မှာ ထပ်မံသေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်ကောင်စီတပ် တိုက်လေယာဥ်နဲ့ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်နေပုံ
ပုံအဟောင်းတွေကို အသုံးပြုထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့တဲ့ ဒေါ်သက်သက်ခိုင်နဲ့ ပြည်ထောင်စုဝန်ကြီးအချို့ကို စစ်ကောင်စီက ရာထူးမှရပ်ဆိုင်း

မင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ အားပေးခဲ့တဲ့ ဒေါ်သက်သက်ခိုင်အပါအဝင် ပြည်ထောင်စုဝန်ကြီး ၃ဦးကို စစ်ကောင်စီက တာဝန်ကရပ်ဆိုင်းလိုက်တယ်လို့ မနေ့က ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူကို ဒုက္ခပေးနေသည့် မြစ်ကျိုးနယ်ထိန်းရဲအား ရဲစခန်းအနီးမှာပဲ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်မှာ ပြည်သူတွေကို ရိုက်နှက်ငွေညှစ်တာတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက် နယ်ထိန်းရဲကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
Read More

မင်းတုန်းမှာ စစ်ရှောင်ပြည်သူတွေကို PDF က ကျပ်သိန်း ၁၀၀ ကျော် ထောက်ပံ့ကူညီ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ကျပ်သိန်း ၁၂၀ ထောက်ပံ့ကူညီခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ က ထုတ်ပြန်ထားပါတယ်။
Read More

အဖြေလွှာများ မီးလောင်မှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းမည့်ကိစ္စဟာ တာဝန်ယူမှုမရှိသည့် ဖြေရှင်းချက်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်

ပြီးခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့မှုအပေါ် စာမေးပွဲပြန်လည်ဖြေဆိုခိုင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တာဝန်ယူမှုမရှိတဲ့ဖြေရှင်းချက် ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။
Read More

အရှေ့ဒဂုံ ၁၂၄ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်၊ အတုအယောင် ရွေးကောက်ပွဲကို ဆက်လက်အရှိန်မြှင့် ချေမှုန်းမည်ဟု ဆို

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ အတုယောင်ရွေးကောက်ပွဲအတွက် ပါဝင်လှုပ်ရှားပေးနေတဲ့ ၁၂၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ ပစ်သွင်းတိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေ ထိခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

မြဝတီက ပျူစောထီးခေါင်းဆောင် KNDP ပါတီ အမတ်လောင်းအဖြစ် ဝင်ရောက် အရွေးခံ 

ကရင်ပြည်နယ်၊ မြဝတီမြို့က ပြည်သူတွေကို လက်နက်ပြ အနိုင်ကျင့်တာတွေ လုပ်လေ့ရှိတဲ့ ပျူစောထီးခေါင်းဆောင် အေးမင်းထွန်း (ခ) သူရိန်မင်းထွန်းဆိုသူဟာ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) အမတ်လောင်း၊ ဗမာတိုင်းရင်းသားကိုယ်စားလှယ်အဖြစ် စစ်အုပ်စု ကျင်းပသွားမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။