စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူစခန်း ကင်း၂ ခုကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောီး ၁ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၇ ရက်က အရာတော်မြို့နယ် ငွေတွင်းပျူစခန်းရှိ ကင်း ၂ ခုကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၅ နာရီကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အရာတော်လေ့ကျင့်ရေး ၁၀ မှ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ပြီး ပျူစောထီး ၁ ယောက်သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တော်လှန်ရေးရဲဘော် ၁ ယောက် တိုက်မိုင်းထိကာ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့ နင်းမိုင်း ၃ လုံးကို ဖြုတ်ယူသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၂၁) တပ်ရင်း၊ တပ်ရင်း(၁၆)၊တိုက်နယ်၉၊၁၀၊၁၁နဲ့ မုံရွာခရိုင်ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ Danger Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။

Video-Ngwe Dwin Revolution Force

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားပြီး စခန်းအချို့ လက်လွှတ်ခဲ့ရ (ရုပ်/သံ)

နေပြည်တော်၊ မကွေးနှင့် ပဲခူးတိုင်း ထိစပ်နယ်မြေများကို အင်အား ၆၀၀ ခန့်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ် မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့စခန်းအချို့ လက်လွှတ်ခဲ့ရတယ်လို့ ၉၀၂ တပ်ရင်း ၊ တပ်ခွဲ - ၃ ၊ တောင်တွင်းကြီးတပ်ခွဲမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးတွင် ဌာနဆိုင်ရာရုံးများ ပြန်ဖွင့်ရန်လာသည့် Non-CDM များလိုက်ပါရာ စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး နောက်ပြန်လှည့်ပြေး (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဌာနဆိုင်ရာရုံးတွေ ပြန်လည်ပတ်နိုင်ဖို့ Non-CDM ဝန်ထမ်းတွေကို လိုက်ပါပို့ဆောင်တဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့ယ်အတွင်း ပြည်သူနေအိမ်တွေ မီးရှို့ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ယောက်အပါအဝင် ၅ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပြည်သူနေအိမ်တွေ မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်အပါအဝင် ၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ် လက်ပါးစေ ကြံ့ခိုင်ရေးအတွက် ဂျင်းနီ၊ နန်းဝေဝေမြင့်နှင့် ကျော်ကျော်နန္ဒတို့ မဲဆွယ်ပေး (ရုပ်/သံ)

အာဏာသိမ်းစစ်တပ် ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ အဆိုတော် ဂျင်းနီ၊ ကျော်ကျော်နန္ဒနဲ့ နန်းဝေဝေမြင့်တို့က စစ်တပ်အသွင်ပြောင်း ကြံ့ခိုင်ရေးပါတီဘက်ကနေ မဲဆွယ်ပေးနေပါတယ်။
Read More

မြင်းခြံမြို့ အမှတ် ၁၈ ရက်ကွက် စစ်တပ်အထိုင်ဂိတ် ဝင်ရောက်ပစ်ခတ်ခံရပြီး စစ်သားအများအပြားသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်မှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဧပြီ ၆ ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေ အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ ထံက သိရပါတယ်။