စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ ပျူစောထီးရွာ ကင်းစခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ပျူစောထီး ၁ ယောက် သေဆုံးပြီး နင်းမိုင်းတွေ ဖော်ယူသိမ်းဆည်းရရှိခဲ့တယ်လို့ Ngwe Dwin Revolution Force သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။

ဇူလိုင်လ ၁၇ ရက် ညနေပိုင်းက အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးကျေးရွာမှာရှိတဲ့ ကင်းစခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း ပျူစောထီး ၁ ယောက်သေဆုံးပြီး ၅ ယောက်အပြင်းအထန်ဒဏ်ရာရရှိခဲ့သလို သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ကျန်ရစ်တဲ့ပျူစောထီးအဖွဲ့ဝင်တွေက ငွေတွင်းရွာအတွင်း​​​ ပြန်ပြီးသယ်ဆောင်သွားတယ်လို့ Ngwe Dwin Revolution Force သတင်းတာဝန်ရှိသူက ပြောပါတယ်။

“ငွေတွင်းပျူရွာမှာက တပ်စည်းနှစ်စည်းရှိပါတယ်။ အဲ့စည်းတွေကိုကျော်ပြီး ကင်းတွေနဲ့ မီတာ ၁၀၀အထိ ကပ်ပစ်ခဲ့ပါတယ်။ ဒီနေ့လဲငွေတွင်းရွာပြင်မှာ မီးတွေရှို့တာတွေ့တယ်။ ထိထားတဲ့ကောင်တွေကို သဂြိုလ်နေတာဖြစ်နိုင်ပါတယ်။ ငွေတွင်းပျူရွာကို ကျနော်တို့ ပိတ်ဆို့ထားတာ ၅လ၊ ၆လလောက်ရှိပါပြီ။ ၁၅ရက်တစ်ခါလောက်ထိတွေ့မှုဖြစ်ပါတယ်။ အဲ့ရွာက အရပ်သားတွေအကုန်ထွက်ကုန်ပြီ။ လက်နက်ကိုင်ပျူတွေပဲရှိပါတော့တယ်။” လို့ Ngwe Dwin Revolution Force သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေချိန်အတွင်း ‎စစ်ကောင်စီရဲ့အရာတော်စကစ လေ့ကျင့်ရေး(၁၀)တပ်ကနေလည်း တိုက်ပွဲဖြစ်ရာနေရာဆီ ဟောင်ဝစ်ဇာလက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ပျူစောထီးတွေ ထောင်ထားတဲ့ တိုက်မိုင်းနင်းမိခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်လည်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ငွေတွင်းပျူစောထီးတွေထောင်ထားတဲ့ နောက်ထပ် နင်းမိုင်း ၃ လုံးကို ဖော်ယူသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ တူးဖော်ရရှိတဲ့မိုင်းတွေက နင်းမိတာနဲ့ခြေထောက် ဖြတ်ရနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ နင်းမိုင်း ၃ လုံး တစ်ခါတည်း သိမ်းဆည်းရမိခဲ့ပါတယ်။ နောက်ပြီး လောလောဆယ် ပွဲကထားတော့ ကျည်ဖြည့်ဖို့ လိုအပ်ချက်မြင့်လာတယ်။ အဲ့အတွက် တော်လှန် ပြည်သူတွေအနေနဲ့လည်း ကျနော်တို့ကို ကူညီပေးကြပါဦး” လို့ Ngwe Dwin Revolution Force သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ပုံစာ – ငွေတွင်းပျူစောထီးရွာ ကင်းကို တိုက်ခိုက်နေပုံနဲ့ ဖော်ယူရရှိခဲ့တဲ့ နင်းမိုင်းများ
0 Shares:
You May Also Like
Read More

မြန်မာစစ်အုပ်စုအတွက် လက်နက်ပွဲစားကုမ္ပဏီ Miya Win က လေကြောင်းပျံသန်းရေးကိရိယာတွေ ကြားခံဝယ်ယူပေးနေ

ဩစတြေးလျကုမ္ပဏီ AXIS Flight Training Systems GmbH က စစ်ကောင်စီကို သဏ္ဍန်တူပျံသန်းလေ့ကျင့်ရေးကိရိယာ(FSTD) ကို ရောင်းချပေးခဲ့ပြီး မြန်မာစစ်အုပ်စုရဲ့လေတပ်က လေယာဉ်မှူးတွေကို လေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့ Justice For Myanmar က ထုတ်ဖော်လိုက်ပါတယ်။
Read More

ကြို့ပင်ကောက်အရှေ့ခြမ်းတွင် ပေါ်တာဆွဲ စစ်အုပ်စုနှင့် PDF များ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၆ ဦး သေကာ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်မှုထမ်းပေါ်တာဆွဲဖို့ကြိုးစားတဲ့ စစ်အုပ်စုတွေနဲ့  ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း BTZM GBK PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းခိုးယူရင်း တိုက်ခိုက်ခံရသည့် စစ်အုပ်စု ရွာခံများကိုပါ ဖမ်းဆီးခေါ်ဆောင်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက စစ်ရှောင်ကျေးရွာတွေကနေ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာမှာကျန်နေခဲ့တဲ့ ရွာသူရွာသား တချို့ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ရေး-ထားဝယ်လမ်းကို ညအချိန် အသုံးပြုခြင်း တားမြစ်ထား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ရေး-ထားဝယ် အဝေးပြေးလမ်းမကြီးကို ညအချိန် အသုံးပြုခြင်း တားမြစ်ထားတယ်လို့ ကော်သူးလေတပ်တော် KTLA ၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်၊ ပေါက်နဲ့ ပခုက္ကူတို့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့မှုတွေအကြောင်း မြိုင်ပကဖ ထုတ်ပြန်

မကွေးတိုင်း၊ ပခုက္ကူဒေသတွင်းက မြိုင်နဲ့ ပေါက်တို့မှာ ထိတွေ့မှု ကြီး၊ ငယ်ဖြစ်ပွားခဲ့တာတွေကို မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်မှုထမ်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်ကောင်စီတပ်သား မြိုင် ပကဖ ထံ လက်နက်နှင့်တကွ ပူးပေါင်း

ပခုက္ကူမြို့အခြေစိုက်၊ ခြေမြန်တပ်မဌာနချုပ် (၁၀၁)ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ မြိုင်ပကဖ ၊ တပ်ရင်း၁ - တပ်ခွဲ (၂) ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ထံ အလင်းဝင်လာခဲ့တယ်လို့ မြိုင်ပကဖက အသိပေးထုတ်ပြန်ပါတယ်။