ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ မုန့်မျိုးစုံထုတ်လုပ်သည့် အလုပ်ရုံကနေ အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Food Tech Factory (FTF Trading) Co,Ltd အနေနဲ့ အလုပ်သမားတွေရဲ့ လုပ်အားခတွေကို တစ်လ (၃) ကြိမ် ခွဲပေးနေရာ အဆင်မပြေတာကြောင့် HR ဌာနကို တောင်းဆိုခဲ့ရာ တောင်းဆိုတဲ့ အလုပ်သမားတွေကို အလုပ်ရုံအတွင်း ဆူပူအောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အလုပ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေကို NUG အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ MHAC မဟာမိတ်အဖွဲ့ အဖွဲ့ဝင်တွေက ဇူလိုင်လ ၈ ရက်မှာ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ဇူလိုင်လ ၁၄ ရက်မှာတော့ စမွတ်ဆာခွန်ခရိုင် ဆာဝါဒီကန်ရုံးမှာ အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆာဝါဒီကန်ရုံး တာဝန်ရှိသူတွေက ဇူလိုင်လ ၁၅ ရက်ကို ပထမရုံးချိန်းအဖြစ် လာရောက်ဖို့ အကြောင်းပြန်ခဲ့ပြီး ဇူလိုင်လ ၁၆ ရက်မှာတော့ အလုပ်ပြောင်းရွှေ့ခွင့်ကို စမွတ်ဆာခွန်ခရိုင်၊ ကျဟာငန်ရုံးမှာ ထုတ်ယူပေးကာ ရွှေ့ပြောင်းအလုပ်သမားတွေ အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဂျပန်နိုင်ငံ နာဂိုရာမြို့မှာ နွေဦးပွဲတော်နှင့် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

ဂျပန်နိုင်ငံ၊ နာဂိုရာမြို့မှာ နွေဦးပွဲတော်ကျင်းပပြုလုပ်ရာမှာ ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် ဆုတောင်းပွဲကိုပါ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်ကို မင်းအောင်လှိုင်လာမည်ဟု ထိုင်းနိုင်ငံခြားရေး အတည်ပြု 

ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (BIMSTEC) ရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက်ကို လာမယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက အတည်ပြုပြောကြားလိုက်ပါတယ်။ 
Read More

နောက်ရွေးကောက်ပွဲများလည်း လေ့လာစောင့်ကြည့်ဦးမည်ဟု ထိုင်း ‌ပြော 

ထိုင်းအနေနဲ့ အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးကို လေ့လာစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
Read More

ဖူးခက်တွင် မြန်မာအမျိုးသားတဦး ဓားထိုးခံရပြီး သေဆုံး

ထိုင်းနိုင်ငံ၊ ဖူးခက်က ပတောင်မြို့မှာ အောက်တိုဘာလ ၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွားမှုတခု ဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသားတယောက် ဓားထိုးခံရလို့ သေဆုံးသွားခဲ့ပါတယ်။
Read More

စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်ကွပ်မျက်မှုဟာ ကြီရလေးတဲ့ နိုင်ငံတကာရာဇ၀တ်မှုကို ကျူးလွန်လိုက်ခြင်းဟု IIMM သတိပေး

စစ်ကောင်စီက အကျဉ်းသားတွေကို သေဒဏ်ချမှတ်ကွပ်မျက်မှုကကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က အနီးကပ် စောင့်ကြည့်နေကြောင်း မနေ့ကစက်တင်ဘာ ၂၃ရက်)တွင် အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ဒါရိုက်တာ သည်မော်နိုင်ရဲ့ MA Cry of silence ရုပ်ရှင်ကား ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိ

မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေကြားက အထည်ချုပ်စက်ရုံ အလုပ်သမ ၁ ယောက်ရဲ့ဘဝအခြေအနေတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်မော်နိုင် ရဲ့ MA Cry of silence ရုပ်ရှင်ကားဟာ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိခဲ့တယ်လို့ သိရပါတယ်။