စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ Y12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြစ်ကမ်းနံဘေး ကျေးရွာ၃ရွာက အရပ်သား ၁၅ ယောက် ထိခိုက်သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဇူလိုင်လ ၁၇ ရက်၊ မနေ့က ညနေပိုင်းမှာ စစ်ကောင်စီရဲ့ တံတားဦးလေဆိပ်တက် Y12 လေယာဥ်က စဥ့်ကူးမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ် မြစ်ကမ်းဘေးကျေးရွာတွေဖြစ်တဲ့ ရှားကွဲ၊ ငါးပတ်ချောင်းနဲ့ ရေလည်မော်ရွာတို့ကို ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ရွာ ၃ ရွာက သေဆုံးသူ ၁၅ ယောက်အထိရှိကာ ထိခိုက်ဒဏ်ရာရသူ ၂၇ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲ အရပ်သားတွေအပြင် ပကဖတပ်ဖွဲ့ဝင် ၁ယောက်လည်း ပါဝင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“သေဆုံးစာရင်းက ငါးပတ်ချောင်းက (၉) ဦး၊ ရေလည်မော် (၁) ဦးနဲ့ ရှားကွဲ(၅)ဦး ပေါင်း (၁၅) ဦးပါ။ အလောင်းတွေက ရွာတွေမှာ ပြန့်ကျဲနေလို့ စိစစ်နေတုန်းပါ” လို့ ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၁၇ ရက်၊ မနေ့က မနက်ပိုင်းကစပြီး မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ တိုက်ခိုက်ရေးသင်္ဘော ၅ စီးနဲ့ နောက်တွန်းထောက်ပို့သင်္ဘော ၇ စီးအတွက် စစ်ကောင်စီက ဧရာဝတီမြစ်ကြောင်း ဝဲယာတလျှောက်ကျေးရွာတွေဆီ လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့တာလို့ သိရပါတယ်။

အဆိုပါသင်္ဘောတွေဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ ဆန်တက်ဖို့ရှိနေပြီး မနေ့ညပိုင်းမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရှိန်းမကားရွာမှာ ညအိပ်ရပ်နားခဲ့တာကြောင့် မရပ်နားခင် မြစ်ကမ်းဘေးကျေးရွာတွေဆီ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီက Y12 လေယာဥ်နဲ့ ရေလည်မော်ရွာကို ၁၂၀ မမ ဗုံးသီး ၄ လုံးထပ်မံကြဲချတိုက်ခိုက်ခဲ့သလို စဥ့်ကူးမြို့နယ်၊ ထုံးကြီးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်လုပ်ဆောင်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှု မသိရသေးကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ သင်္ဘောတွေဟာ ဝက်လက်မြို့နယ် ရှိန်းမကားရွာကတဆင့် အထက်ကို ဆန်တက်ရင်း စဥ့်ကူးမြို့နယ်အတွင်း ရောက်ရှိနေပြီဖြစ်ကြောင်း Wetlet Informational Network က ဖော်ပြပါတယ်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်ကောင်စီသင်္ဘောများကိုတွေ့ရစဥ် (ဓာတ်ပုံ Wetlet Informational Network)

0 Shares:
You May Also Like
Read More

သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စစ်သုံ့ပန်းများ၏ မိသားစုဝင် ၁၀၀ ကျော်နှင့် အကျဉ်းသားအချို့ကို AA ပြန်လွှတ်ပေး

အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၁၀၀ ကျော်နဲ့ သာမန်အကျဉ်းသား ၂၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။  
Read More

ယမ်းသိုလှောင်ရာ နေရာများကို စစ်ကောင်စီ အဓိကထား တိုက်ခိုက်လာ၊ ဖားကန့်ရှိ ယမ်းသိုလှောင်ရာနေအိမ်ကို စစ်တပ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့လို့ ကား ၃ စီးနှင့် နေအိမ် မီးလောင်ပျက်စီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာက ယမ်းသိုလှောင်ရာနေရာကို စစ်အုပ်စုက ဇွန်လ ၉ ရက် မနက် ၁ နာရီလောက်မှာ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၁ယောက် PDF ထံ ထွက်ပြေးခိုလှုံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့တော်ခန်းမမှာ တာဝန်ကျရင်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားကို မုံရွာ ပကဖ ဆီ လွှဲပြောင်းအပ်နှံလိုက်ကြောင်း မုံရွာခရိုင် တပ်ရင်း (၂၂) တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းကို ပြောပါတယ်။
Read More

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် (၅၀) နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ် (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ (၅၀)နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်က ပြုလုပ်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်အတွင်း ဖိနှိပ်မှုများကြောင့် ခမရ (၄၀၃) မှ စစ်သားတစ်ဦး K.N.L.A တပ်မဟာ (၄) ထံ ဘက်ပြောင်းခိုလှုံလာ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်‌ကောင်စီရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းက စစ်သား ၁ ယောက် အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

PDF စစ်ဆင်ရေးနယ်မြေ (၂) က အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂) မှာ အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။