စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၇ ရက် မနေ့ညက ဝက်လက်မြို့နယ်အရှေ့ဘက် ရှားကွဲရွာ၊ ငါးပတ်ချောင်းရွာနဲ့ ရေလည်မော်ရွာတို့ကို တံတားဦးလေဆိပ်ဘက်က တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်နဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၅ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်း ရှိန်းမကားရွာ အရှေ့ဘက်မှာ မြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးသင်္ဘော ၅ စီးနဲ့ နောက်တွန်းထောက်ပို့သင်္ဘော ၇ စီးကို တိုက်ခိုက်ရေးလေယာဉ်‌တွေက အစောင့်လိုက်ပါပြီး ဧရာဝတီမြစ်ကြောင်းဘေးရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

Video – Wetlet Informational Network

0 Shares:
You May Also Like
Read More

ဖားကန့် မှော်စီစာရှိ စက်ယန္တရားများကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာရှိ စက်ယန္တရားတွေကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် Great Wall ဟိုတယ်ကို အပြီးသတ်ဖြိုချ (ရုပ်/သံ)

မန္တလေးမှာ ငလျင်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့တဲ့ Great Wall ဟိုတယ်ကို ဒီနေ့ ဧပြီလ ၆ ရက်နေ့မှာ အပြီးသတ် ဖြိုချလိုက်တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့တပ်မ ၁၀၁ ဌာနချုပ်မှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သား ၁ ယောက်ကို သွားရောက် ကယ်ထုတ် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့ တပ်မ ၁၀၁ ဌာနချုပ်မှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သား မျိုးမင်းအောင် ကို သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ Burma Revolution Rangers ထံက သိရပါတယ်။
Read More

လွတ်လပ်ရေးနေ့မှာ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့ရှိ ကေတုမတီလေတပ်စခန်းကို လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက် ယနေ့နံနက်ပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်ဖို့ ပြင်ဆင်ခဲ့ရာ ၁၀ လုံးကို အောင် မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

ချောက်မြို့နယ် ထိန်ကန်ရွာကို စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့နယ် ထိန်ကန်ရွာကို စစ်ကောင်စီတပ်သားတွေ အကြောင်းမဲ့ဝင်‌ရောက်မီး ရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ ထံက သိရပါတယ်။