စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ ထံက သိရပါတယ်။

မြေနတ်ရွာ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းမှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်အုပ်စု ၂ စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ဇူလိုင်လ ၁၇ ရက် မနက် ၁၀ နာရီလောက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီလောက်မှာ ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် ငွေတွင်းပျူရွာထဲကို ပြန်လည်ဆုတ်ခွာသွားပြီး သူတို့ ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ၄ ယောက်နဲ့ ဘုန်းကြီးတစ်ပါးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ ၂ နေရာ တပ်စွဲထားတာ ၃ ရက်လောက်ရှိပြီ။ ဓားစာခံတွေက တောအလုပ်လုပ်ရင်း စခ စစ်ကြောင်းနဲ့ မိတာပါ။ ပစ်ခတ်မှုမှာ သူတို့အလောင်းတွေ သေပြီး ကျန်ခဲ့တာတော့ မရှိဘူး။ ဒါပေမယ့် ဓားစာခံတွေရဲ့ ပြောပြချက်အရ တော်တော်အထိနာပြီး ဆုတ်ပြေးရတာပါတဲ့” လို့ ဘုတလင်မြို့နယ် ပကဖ စစ်ရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်ကတော့ နင်းမိုင်းဒဏ်ရာကြောင့် ခြေထောက် ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

“အရယူဖို့ လုံးတာကတော့ ဘုန်းကြီးကျောင်းပါ။ ကျနော်တို့ ရဲဘော်တစ်ဦး တိုက်ပွဲမှာ နင်းမိုင်း မိသွားတယ်။ ပစ်ခတ်မှုပြီးတော့ သွေးကွက် အတော်များများ တွေ့ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းကိုလည်း ကျနော်တို့ ရသွားပါပြီ” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

အဆိုပါ စစ်ဆင်ရေးကို ဘုတလင် (မြို့နယ် ပကဖ) အဖွဲ့နဲ့ တိုက်နယ်အဖွဲ့တွေ၊ မုံရွာခရိုင်တပ်ရင်း (၂၀) BOB ၊ အရာတော် (မြို့နယ် ပကဖ) အဖွဲ့နဲ့ တိုက်နယ်အဖွဲ့တွေ၊ မုံရွာခရိုင် ဗျူဟာ (၆၆) နဲ့ ရေဦးမြို့နယ် ကိုကင်းတိုက်နယ်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခန္တီးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ (၅၂) တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁) ယောက် မိသားစုနဲ့အတူ အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် PNO ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်ရာ စစ်သား ၁၈ ဦးထက်မနည်း သေဆုံး၊ စစ်ကောင်စီတပ်မှ အလင်းဝင်လာသူ ၁၆ ဦးရှိပြီး NUG ပညာရေးစနစ်သစ်ကို ဖြေဆိုအောင်မြင်ထားသူအချို့ ပါဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်နေရာ စစ်သား ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကယား ( ကရင်နီ )စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမှာ စစ်ကောင်စီတပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့က အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားအား ဝေဖန်သည့်ပို့စ်များအပေါ် ထောက်ခံသည်ဆိုကာ စစ်အုပ်စုက ဒါရိုက်တာ ၂ဦးအား ထပ်မံဖမ်းဆီး

အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ ပတ်သက်တော်လှန်ရေးအင်အားစုတွေရဲ့ ဝေဖန်ပြောဆိုမှုအပေါ် လူမှုကွန်ရက်ကတဆင့် ထောက်ခံအားပေးတယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်တွင်းက ဒါရိုက်တာ၂ယောက်ကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ဟာ ၄င်းတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ဇာတ်လမ်းတွေကိုလည်း ဆက်တိုက်ရိုက်ကူး ထုတ်လွှင့်လာနေတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရိုက်ကူးတဲ့ "ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" အမည်ရ အတုယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်း ထွက်ရှိလာပြီးတဲ့နောက် ဇာတ်လမ်းထဲ ပါဝင်တဲ့သရုပ်ဆောင်တွေအပေါ် တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေနဲ့ တော်လှန်အနုပညာရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းတွေ အဆင့်မြင့်လာပြီလား

စစ်ကောင်စီဟာ အရင်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အခါ ရဟက်ယာဉ်၊ ဂျပ်ဖိုက်တာတွေကိုသာ အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ တိုက်ခိုက်ရေး ဒရုန်းတွေကို တွယ်ကျယ်စွာ အသုံးပြုလာနေပါပြီ။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၈ ဦး ထက်မနည်းသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်မှာရှိတဲ့ စစ်ကောင်စီတပ် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။