စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှာ သာသနာ့တာဝန် ထမ်းဆောင်နေတဲ့ ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သူတွေကို ထောင်ဒဏ်နှစ် ၂၀ စီ ချမှတ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့မှုနဲ့ ဖမ်းဆီးထားတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် (LDF) တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းတာဝန်ပေးအပ်တဲ့ စစ်ခုံရုံးက ဇူလိုင် ၁၀ ရက်မှာ အခုလို အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

ကက်သလစ် ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်အမှုမှာ စွပ်စွဲခံရသူ LDF ခေါင်းဆောင် တိုက်ကော (ခ) ဝင်းဇော်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် အနှစ်(၂၀)ချမှတ်ခဲ့ပြီး ငနေ (ခ) နိုင်းနိုင်း၊ တံခွန် (ခ) မိုးယံမြင့်မြတ်၊ တက်လူ (ခ) နိုင်ဝင်းစည်သူ၊ မိုးကြိုး (ခ) အောင်မျိုးဟိန်း၊ R6 (ခ) အောင်ဇင်မြတ်၊ စနေ (ခ) ဂျွန်ကိုထွန်း၊ ကျားကြီး (ခ) ရင်ထူးကျော်တို့ (၇) ယောက်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) / ၁၁၄ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ်(၂၀)ချမှတ်ခဲ့ကာ သက်ဆိုင်ရာအကျဥ်းထောင်တွေမှာ ထိန်းသိမ်းထားရှိသွားမယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာမှာ သာသနာ့တာဝန် ထမ်းဆောင်နေတဲ့ ဘုန်းတော်ကြီး Father Donald Martin (ခ) ရဲနိုင်ဝင်းကို တအုံကျေးရွာ ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင် အပါအဝင် LDF ၈ ယောက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၄)ရက်က သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၄၄ နှစ်အရွယ်၊ ဝါတော် ၇ နှစ်ရှိတဲ့ ဖာသာဒေါ်နယ်မာတင်ဟာ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှာ သာသနာ့တာဝန်ကို ထမ်းဆောင်နေတာ ၂ နှစ်နီးပါးရှိတဲ့ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် ဦးဆောင်သည့် ဟန်ပြရွေးကောက်ပွဲနှင့် စစ်ကော်မရှင်ကို အမြစ်ဖြတ် နှိမ်နင်းရမည်ဟု KNPP ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးလှည့်စားမှုအဖြစ် ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်ကော်မရှင်ကို အမြစ်ဖြတ် ဖြိုခွဲနှိမ်နင်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အချုပ်ခန်းဖောက်ပြေးတဲ့ ပျူစောထီး ၂ ယောက်ကို PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် အေးမြသာယာမြို့မှာ အချုပ်ခန်းဖောက်ပြေးတဲ့ စစ်တပ်သတင်းပေး ပျူစောထီး ၂ယောက်ကို အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းအောင်လှိုင် ကူမင်းကို အခုတစ်ပတ်ထဲ လာမယ်လို့ တရုတ်အစိုးရအတည်ပြု

တရုတ်ဝန်ကြီးချုပ် ဦးဆောင်မယ့် မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ရောက်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာ ၄ ရက်မှာ အတည်ပြုပြောဆိုပါတယ်။
Read More

သရက်ခရိုင် PDF အမှတ် ၄ တပ်ရင်း အပတ်စဥ် (၈) နှင့် (၉) အခြေခံစစ်သင်တန်းဆင်း အခမ်းအနား ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ကွပ်ကဲတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) နဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ရေးအခြေအနေအရ လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတ ပြော

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ်တိုင်းစစ်ဌာနချုပ်တွေ မကြာခင် ကျဆုံးတော့မယ့် အခြေအနေတွေ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။ 
Read More

စစ်တပ်ရိက္ခာကား မောင်းပေးသူတစ်ဦးကို အကြမ်းဖက် စစ်အုပ်စု သတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာကားမောင်းနှင်းလာသူတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။