နိုင်ငံတစ်ဝန်း ထိန်းချုပ်နယ်မြေတွေက ကျောင်းပေါင်း ၆ ထောင်ကျော်မှာရှိတဲ့ ကျောင်းသားပေါင်း ၉ သိန်းကျော်အတွက် “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး” ကမ်ပိန်း ပြုလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။

“မြေပြင်မှာ ကျောင်းပေါင်း ၆ထောင်ကျော် ရှိတယ်။ ကျောင်းသား၊ကျောင်းသူ ပေါင်း ၉ သိန်းကျော်ရှိတယ်။ သူတို့အတွက် အခုအချိန်မှာ စီစဥ်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ မြန်မာပြည်သူပြည်သားများ နိုင်ငံတကာမှာရှိတဲ့ ကမ္ဘာသူ၊ ကမ္ဘာသားများအနေနဲ့  ကျနော်တို့ကို အခုလိုမျိုး စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် ကျနော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့ ကျောင်းသူ၊ကျောင်းသားလေးများရဲ့ အန္တရာယ်ကို ကာကွယ်ဖို့အတွက် ပါဝင်ကြပါလို့ ကျနော် ဒီနေရာ ကနေ အလေးအနက်တိုက်တွန်း လိုက်ပါတယ်” လို့ ဒေါက်တာ ဇော်ဝေစိုးက ပြောဆိုထားပါတယ်။

NUG ပညာရေးဝန်ကြီးဌာနက ပြုလုပ်နေတဲ့ “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်းရဲ့ ရည်မှန်းချက်ဟာ အမေရိကန်ဒေါ်လာ ၄ သိန်း ရရှိဖို့ဖြစ်ပြီး ကမ်ပိန်းကာလကတော့ ဇူလိုင် ၁၅ ရက်ကနေ ဩဂုတ် ၃၁ ရက်အထိ ဖြစ်ပါတယ်။

“အားလုံးသိတဲ့အတိုင်း ဖက်ဆစ် စစ်တပ်က ဆေးရုံတွေ၊ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် နေတာ ဒီ (၄) နှစ်အတွင်းမှာ ကျောင်းပေါင်း ၃၃၃ ကျောင်းကို သူတို့ တိုက်ခိုက်ခဲ့တယ်။ အားလုံး မှတ်မှတ်ထင်ထင် ဖြစ်နေမယ့် လက်ယက်ကုန်းမှာဆိုရင် ၁၃ ‌ယောက် သေဆုံးခဲ့တယ်။ ပဇီကြီးမှာဆိုရင် အားလုံး သေဆုံးတဲ့သူ ၁၇၀မှာဆိုရင် ကလေးငယ်ပေါင်း ၃၀ ကျော် သေဆုံးခဲ့တယ်။ အိုးတိန်တွင်းမှာဆိုရင် ကျောင်းသူ ၊ ကျောင်းသား ၊ ဆရာ၊ ဆရာမ ၂၄ ဦး သေဆုံးခဲ့ပြီးတော့ ၁၂၀ ကျော် ဒဏ်ရာရရှိ ခဲ့တယ်ဆိုတာ အားလုံးသိပြီးဖြစ်မယ်” လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

နိုင်ငံတစ်ဝန်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းတွေကို အကြမ်းဖက်စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတာ၊ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေ သေဆုံးထိခိုက်နေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

BPLA မွေးနေ့အခမ်းအနားကို TRI ဗျူဟာမှူး တက်ရောက် ဂုဏ်ပြုစကားပြောကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ရဲ့ ဗျူဟာမှူးက အမှတ် (၃၀၈) အညာစစ်ဒေသရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ (၄) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့ဘိန်းစိုက်ပျိုးမှု ၁၀ နှစ်အတွင်း အမြင့်ဆုံးရောက်နေ

ပဋိပက္ခဒဏ်သင့်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ယခုနှစ်ရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအခြေအနေမှာ ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ စစ်တမ်းတရပ်က ဒီဇင်ဘာလ ၃ ရက်မှာ ဆိုထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တို့ အာဏာသိမ်းပြီးနောက် ဘိန်းထုတ်လုပ်မှု ပိတ်ပင်ခဲ့ခြင်းကြောင့် အာဖဂန်နစ္စတန်မှာ ဘိန်းထုတ်လုပ်မှု သိသိသာသာ ကျဆင်းသွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့အဓိက တရားမဝင် ဘိန်းအရင်းအမြစ် ဖြစ်လာခဲ့တာပါ။
Read More

ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို စစ်တပ် လက်နက်ကြီးပစ်လို့ ကလေးငယ် ၁ဦး သေဆုံး၊ သေဆုံးကလေးငယ်၏ ညီမဖြစ်သူလည်း လက်ပြတ်ကာ ၄ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက် သေဆုံးပြီး အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာအသုံးပြုတဲ့ အလေ့အကျင့်ရှိဖို့ လိုပြီလို့ မီးမှန်မှန် မပေးနိုင်တဲ့ စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာစနစ် အသုံးပြုတဲ့ အလေ့အကျင့်ကို လုပ်ကြဖို့ စစ်အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။  
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ် ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ Beyond The Chindwin Organization-BCO အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်ရှိ တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်သည့် ရေလုပ်သားများကို စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်နေကြောင်း AA ထုတ်ပြန်

ရခိုင်ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောတွေက တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်တဲ့ ရေလုပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။