စစ်ကိုင်းမြို့နယ်အတွင်း ခရီးသွားရင်း စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ဇူလိုင်လ ၁၄ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော် ကျားဇိုးက မောင်းကို ပြောပါတယ်။

စစ်ကောင်စီတပ်သား ကိုမျိုးဇင်ဟာ အလင်းဝင်ရောက်ဖို့အတွက် ညီဖြစ်သူနဲ့ ချိတ်ဆက်ခဲ့ပြီး အဲဒီကနေတဆင့် ၃ရက်လောက်အကြာမှာ ဆိပ်ဖြူတစ်ကိုယ်တော် ကျားဇိုးက သွားရာက်ခေါ်ယူပေးခဲ့တယ်လို့ သိရပါတယ်။

“သူဆက်သွယ်ပြီးမှ ထွက်လာတာ၊ သူက စစ်ကိုင်းသားဆိုတော့ စစ်ကိုင်းက အစ်ကိုတစ်ယောက်ဆီ သူဆက်သွယ်တယ်။ အဲ့ကနေတဆင့် ကျနော့်ဆီ လှမ်းပြီးဆက်သွယ်တယ်။ သူကပေါ်တာဆွဲခံရတာ၊ စစ်ကိုင်းတံတားပေါ်မှာ ခရီးသွားရင်း အဆွဲခံရတာ။ ကျနော်တို့သွားခေါ်ရာမှာ သူရွာလည်နေတယ်။ မရောက်ဖူးတဲ့ ဒေသတွေဆိုတော့ တော်တော်လေးချိတ်ဆက်မှု အားကောင်းလို့သာ”လို့ ဆိပ်ဖြူတစ်ကိုယ်တော် ကျားဇိုးက မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ ကိုမျိုးဇင်ဟာ လက်နက်မကိုင်တော့ဘဲ အေးအေးချမ်းချမ်း နေချင်တဲ့အတွက် သူ့ကို လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုမှာ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ကိုမျိုးဇင်ဟာ ဆိုင်ကယ်နဲ့ ခရီးသွားနေချိန် စစ်ကိုင်းတံတားပေါ် ဖြတ်သန်းမောင်းနှင်းစဉ် စစ်တပ်ဂိတ်ရှိ စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်ကိုတားပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပေါ်တာဆွဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီကနေတဆင့် မိတ္ထီလာမြို့နယ်ရှိ စစ်အုပ်စုရဲ့ လေ့ကျင့်ရေးတပ်ကို ရောက်ရှိခဲ့ပြီး စစ်သင်တန်း ၃ လ တက်ရောက်ခဲ့ကာ ဇွန်လ ၁၀ ရက်နေ့မှာတော့ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့  ၂၅၁ တပ်ရင်းကို ပို့ဆောင်ခံရပါတယ်။

ဒါ့အပြင် ဇွန်လ ၂၅ ရက်နေ့မှာ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ ကိုပို့ဆောင်ခဲ့ပြီး နောက် ၁ ပတ်ကျော်အကြာမှာ ကိုမျိုးဇင်ကို ပခုက္ကူ ၂၅၂ တပ်ရင်းကို ထပ်မံပိုဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကိုမျိုးဇင်ဟာ တော်လှန်ရေးတပ်ဖွဲ့နဲ့ ချိတ်ဆက်မှုရရှိပြီး အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်နဲ့ ဧရာဝတီအစပ် ကရင်မတောင်ကြောမှာ အကြမ်းဖက်စစ်တပ်နဲ့ AAတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦး သေ

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအကြားမှာရှိပြီး ငသိုင်းချောင်းမြို့ အနောက်ဖက်မှာရှိတဲ့ မိတ်သလင်အကျော် ကရင်မတောင်ကြောပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက် သေနတ်ထိမှန် သေဆုံးသွားကြောင်း စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။
Read More

ပွင့်ဖြူတွင် လက်နက်ချဖို့ ငြင်းဆန်သည့် ပျူစောထီးများ စီးနင်းတိုက်ခိုက်ခံရ၊ ၃ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ သတိပေးချက်အတိုင်းလက်နက်ချအညံ့မခံတဲ့ ​ပျူစောထီးတွေကို သွားရောက်တိုက်ခိုက်ရာ ၃ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People's Defence Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ချောက်တွင် ပေါ်တာဆွဲခံရသည့် ကိုရီးယားဘာသာစကားသင်တန်းကျောင်းမှ လူငယ်များအား စစ်တပ်မှ ငွေကျပ်သိန်း ၇၀ အထိ တောင်းပြီး ပြန်လွှတ်…

"ဖမ်းဆီးခံရတဲ့လူငယ် ၁၃ယောက်မှာ (စက်တင်ဘာလ) ၄ ရက်နေ့ ညနေပိုင်းက ၉ ယောက် ပြန်လွတ်လာတယ်။ ၅ ရက်နေ့ နေ့လည်ပိုင်းကျ ၄ယောက် ပြန်လွတ်လာတယ်တယ် ။ လူငယ်တွေကို သူတို့မိဘတွေက ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ခံဝန်ကတိတွေ ထိုးပြီး ငွေကျပ်သိန်း ၆၀၊ ၇၀နဲ့ သွားရောက်ရွေးခဲ့ရပါတယ်။ မိဘတွေမှာ ရှာကြံ ချေးငှားပေးရတာပေါ့။" လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဧပြီလ တစ်ဖက်သတ် အပစ်ရပ်မည်

စစ်ကိုင်းမြို့နယ်ကို အခြေပြုပြီး လှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မှာ ကင်းလှည့်နေတဲ့ စစ်သားတွေကို တိုက်ခိုက်၊ စစ်သား ၅ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  
Read More

မင်းဘူးခရိုင် PDF တပ်ရင်း (၂) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းက အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။