ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့ဟောင်းထဲက ချန်းဖူအာ (Chang Phueak) မြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ “Memories Of Chiang Mai” မြန်မာစားသောက်ဆိုင်ဈေးတန်းကို ထိုင်းရဲတပ်ဖွဲ့တွေ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင် ၃ ယောက်နဲ့ အလုပ်သမား ၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေနဲ့ ချင်းမိုင်ခရိုင်၊ ချန်းဖူအာ ရဲစခန်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံ ထိုင်းနိုင်ငံသားတွေရဲ့ သတင်းပေးပို့မှုကြောင့် ဇူလိုင် ၁၆ ရက် မနေ့က ညနေပိုင်းမှာ “Memories Of Chiang Mai” ကိုဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး၊ အဆိုပါဈေးတန်းမှာ ခွင့်ပြုချက်မရှိဘဲ ဆိုင်ဖွင့်လှစ်ထားတဲ့ ဆိုင်ရှင် ၃ ယောက်နဲ့ အလုပ်သမား ၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းများက ဆိုတာပါ။

လုပ်ကိုင်ခွင့်လိုင်စင် စစ်ဆေးရာမှာ အလုပ်ရှင် ၃ ယောက်ဟာ နိုင်ငံခြားသားတွေကို ခွင့်ပြုချက်မရှိဘဲ အလုပ်ခန့်ထားတာ ဒါမှမဟုတ် ၁၅ ရက်ထက်ကျော်လွန်ပြီး အခြေအနေပြောင်းလဲမှုကို မတင်ပြတာ စတာတွေကို ကျူးလွန်ခဲ့တာဖြစ်ပြီး၊ အလုပ်သမား ၃ ယောက်ကတော့ အလုပ်လုပ်ကိုင်ခွင့်လိုင်စင် မရှိဘဲ အလုပ်လုပ်တာ ဒါမှမဟုတ် ခွင့်ပြုထားတဲ့အလုပ်ကလွဲလို့ အခြားအလုပ်တွေ လုပ်ကိုင်တာကို တွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို ထိုင်းရဲတပ်ဖွဲ့က ချန်းဖူအာ (Chang Phueak)ရဲစခန်းမှာ ထိုင်းဥပဒေတွေနဲ့ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Memories Of Chiang Mai ဈေးတန်းမှာ ရောင်းဝယ် စားသုံးသူအားလုံးနီးပါးက မြန်မာလူမျိုးတွေဖြစ်ပြီး မြန်မာ အစားအသောက်နဲ့ ကုန်ပစ္စည်းတွေကို အဓိက ရောင်းချနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းရဲ့ ရက် ၁၂၀ စီမံချက်အတွင်း တရားမဝင် မြန်မာလုပ်သား ၁,၃၀၀ နီးပါး ဖမ်းဆီးခံရ

လွန်ခဲ့တဲ့ ၃လကျော်အတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်မှုကြောင့် နိုင်ငံခြားသား ၂,၀၀၀  ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။
Read More

ARSA ခေါင်းဆောင်များကို နိုင်ငံတကာ တရားစီရင်မှုနှင့် အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့ တိုက်တွန်း

ARSA ခေါင်းဆောင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်မှုကို ကြိုဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တရားစီရင်မှုနဲ့ အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
Read More

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ခရိုနီ ဦးဇော်ဇော် ခန့်အပ်ခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA - Football Social Responsibility Committee) ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခရိုနီ ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်လိုက်တယ်လို့ Myanmar Football Federation က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆောက်လုပ်ဆဲ မိုးပျံလမ်းမကြီး ပြိုကျမှု ဖြစ်ပွား၊ အလုပ်သမား ၅ ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရကာ ၂ ဦးပျောက်ဆုံးနေ…

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်က ဖလန်ဆောင်ရှိ ရာမ ၂ လမ်းမကြီးပေါ်မှာ တည်ဆောက်နေတဲ့ မိုးပျံလမ်းမကြီး ပြိုကျမှု ဖြစ်ပွားပြီး အလုပ်သမား ၅ ယောက် သေဆုံးကာ အယောက် ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး ဓာတ်ပုံရိုက်ခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ်အား အရပ်ဘက်အဖွဲ့များ ဝေဖန်

အကြမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေဆုံပြီး ဓာတ်ပုံရိုက်ခံခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရီဆာပါရန်နိုလာဇာဇိုကို အရပ်ဘက်အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။