(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိတာဟာ အကြမ်းဖက်စစ်အုပ်စုကို သွယ်ဝိုက်ပြီး အကာအကွယ်ပေးနေတဲ့ သဘောသက်ရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ (၉) ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ “အားလုံး ပါဝင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကနေ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်နဲ့ ပတ်သက်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုကြောင်း ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားတာပါ။

အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲ ကြံစည်နေမှုဟာ အာဆီယံဘုံသဘောတူညီချက်ပါ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးဆိုတဲ့ အချက်ကို ဆန့်ကျင်နေတာ ထင်ရှားပေမယ့် ပူးတွဲကြေညာချက်မှာတော့ အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိတဲ့အတွက် အကြမ်းဖက်စစ်အုပ်စုကို သွယ်ဝိုက်ပြီး အကာအကွယ်ပေးနေတဲ့ သဘောသက်ရောက်နိုင်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

အဆိုပါပူးတွဲကြေညာချက်မှာ အာဆီယံရဲ့ မြန်မာနိုင်ငံတွင်းပဋိပက္ခတွေ ပိုမိုမြင့်တက်လာမှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြချက်၊ အရပ်သားပြည်သူတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားကာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေမှုအပေါ် ရှုတ်ချချက်နဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့အတွက် တိကျခိုင်မာတဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ တိုက်တွန်းချက်တွေ ပါဝင်ပေမယ့် အာဆီယံအနေနဲ့ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် တိုက်ရိုက်ထုတ်ဖော်ရှုတ်ချမှုနဲ့ ထိရောက်စွာ အရေးယူကိုင်တွယ်မှု မရှိတဲ့အတွက် NUG အနေနဲ့ များစွာစိတ်ပျက်ရတယ်လို့ ဆိုပါတယ်။

အာဆီယံက ဘုံသဘောတူညီချက် (၅) ရပ်ကို အာဆီယံရဲ့ အဓိကရည်ညွှန်းချက်အတွက် အတည်ပြုကြောင်း အကြိမ်ကြိမ် ထုတ်ပြန်အသိပေးခဲ့ပေမယ့် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေ ပစ်မှတ်ထားကာ အကြမ်းဖက်ရက်စက်မှုတွေကို ဆိုးရွားကျယ်ပြန့်စွာ ဆက်လက်ကျူးလွန်နေပြီး အဆိုပါ ပူးတွဲကြညာချက်ထုတ်ပြန်တဲ့နေ့မှာတောင် စစ်ကိုင်း ဖက်ဒရယ်ယူနစ်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့ အရပ်သား (၃၀) ကျော် သေဆုံးခဲ့ရတယ်လို့ NUG က ဆိုပါတယ်။

ဒါ့အပြင် အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံရဲ့ တရားဝင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုအပေါ် စည်းရုံးဖိအားပေးနိုင်စွမ်း မရှိနေတဲ့အချက်က အာဆီယံရဲ့ မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမှာ အကန့်အသတ်များစွာ ရှိနေကြောင်းကို ဖော်ပြရာရောက်တယ်လို့ NUG အစိုးရက ဆိုပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ပဋိပက္ခကို အမှန်တကယ် ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ရာမှာ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ နွေဦးတော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်တွေကို အပြည့်အဝ နားလည်စာနာဖို့နဲ့ အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်း အကြမ်းဖက်မှုတွေကြောင့် အာဆီယံဒေသတွင်း စုစည်းမှု၊ ငြိမ်းချမ်းတည်ငြိမ်မှု၊ ကြွယ်ဝဖွံ့ဖြိုးမှုနဲ့ လူထုဗဟိုပြု အာဆီယံအသိုက်အဝန်း တည်ဆောက်နိုင်ရေး တို့ကို အဟန့်အတား ဖြစ်စေခဲ့ရတဲ့ အခြေအနေကို ကောင်းစွာလက်ခံကာ၊ အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေး အရေးယူမှုနဲ့ လက်တွေ့ကျသင့်လျော်တဲ့ ဆောင်ရွက်မှုတွေ အပါအဝင် လိုအပ်တဲ့ မဟာဗျုဟာတွေ ချမှတ်ဆောင်ရွက်သွားဖို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်မှာ အသုံးပြုသည့် ထောင်ချီတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ မဲရမတ်ခရိုင်မှာ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ ဆင်းကဒ်တွေအမြောက်အမြား သယ်ဆောင်လာတဲ့ အမျိုးသားတစ်ယောက်ကို အာဏာပိုင်တွေက စနေနေ့မှာ ဖမ်းဆီးခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။
Read More

ကရင် BGF အမည်ပြောင်း KNA ခေါင်းဆောင် စောချစ်သူနှင့် သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် KNA ကို အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီး KNA ခေါင်းဆောင် စောချစ်သူနဲ့ သားနှစ်ယောက်ကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

ကန်ချနဘူရီမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ ဦး ထပ်မံ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ၊ စံခလဘူရီမှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား အယောက် ၇၀ ကို အာဏာပိုင်တွေက ထပ်မံဖမ်းဆီးလိုက်ပါတယ်။ 
Read More

တော်လှန်ရေးအဖွဲ့များက ဆီးရီးယားမြို့တော်ကို သိမ်းပိုက်ပြီး အာဏာရှင် အာဆက်အစိုးရကို ဖြုတ်ချ

ဆီးရီးယားနိုင်ငံမှာ ဟားရက်သူပုန်အဖွဲ့ (HTS) တွေက ဒီဇင်ဘာ ၈ ရက် တနင်္ဂနွေနေ့မှာ မြို့တော် ဒမတ်စ်ကပ်ကို သိမ်းပိုက်ခဲ့ပြီး နှစ်ငါးဆယ်ကြာ အာဏာရှင်အာဆက်အစိုးရပြုတ်ကျကာ သမ္မတ ဘာရှာအလ်အာဆက်လည်း နိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။
Read More

တောင်ကိုရီးယားလေဆိပ်မှာ ခရီးသည်တင်လေယာဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြား သေဆုံးနိုင် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ထွက်ခွါလာတဲ့ Jeju လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်တစ်စီးဟာ တောင်ကိုရီးယားနိုင်ငံ Muan အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြားသေဆုံးနိုင်တယ်လို့ တောင်ကိုရီးယားရဲ့ ကနဦးသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီကို ထောက်ပံ့မယ့်သဘော တရုတ်ဘက်က ပြော

မြန်မာပြည်ရဲ့ ဆိုးရွားလာတဲ့ ပြည်တွင်းပဋိပက္ခကို တည်ငြိမ်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရုတ်ဘက်က စစ်ကောင်စီကို ပံ့ပိုးထောက်ခံပေးမယ့်သဘော တရုတ်ဝန်ကြီးချုပ်လီကျန်းက နိုဝင်ဘာလ ၆ ရက်မှာ မင်းအောင်လှိုင်ကို ပြောဆိုခဲ့ပါတယ်။