အရပ်သားတွေကို တိုက်ခိုက်ရာမှာ စစ်တပ်က အသုံးပြုနေတဲ့ လေကြောင်းတိုက်ခိုက်ရေးဗုံးသီးတွေကို မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၂၁) ကထုတ်လုပ်နေပြီး၊ ယင်းထုတ်လုပ်မှုကို တရုတ်နိုင်ငံပိုင် China South Industries Group Corporation နဲ့ လက်အောက်ခံကုမ္ပဏီတွေဖြစ်တဲ့ Hunan Vanguard နဲ့ Chongqing Changan တို့က ကူညီပေးနေတယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံပိုင်ကုမ္ပဏီ China South Industries Group Corporation နဲ့ သူ့ရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေဟာ စစ်တပ်က အရပ်သားတွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေကြောင်းတိုက်ခိုက်ရေးဗုံးတွေကို အဓိက ထုတ်လုပ်နေတဲ့ စစ်ကောင်စီရဲ့ ကပစ- ၂၁ စက်ရုံကို နည်းပညာ၊ ကုန်ကြမ်းနဲ့ လူသားအရင်းအမြစ်တွေ ပံပိုးကူညီနေတယ်လို့ SAC-M က ဆိုလိုက်တာပါ။ ဒါ့အပြင် ပြင်းထန်တဲ့ FAE ဗုံး (Fuel-Air Explosive – FAE) အပါအဝင် အခြားလေကြောင်းဗုံး ထုတ်လုပ်ရေးအတွက်ပါ ကူညီနေတယ်လို့လည်း ဆိုပါတယ်။

၂၀၀၄ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း မကွေးတိုင်းအတွင်း တည်ဆောက်ခဲ့တဲ့ သေမင်းတမန်လက်နက်စက်ရုံဖြစ်တဲ့ စစ်ကောင်စီရဲ့ ကပစ- ၂၁ ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းဗုံးအများစုကို ထုတ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်ပြီး ကလက်စတာ ဗုံးတွေနဲ့ FAE ဗုံးတွေအပါအဝင် အခြားပြင်းထန်ဗုံးတွေကိုပါ ထုတ်လုပ်နေခြင်းဖြစ်ပြီး၊ ဝန်ထမ်း ၁,၂၀၀ ကျော် လုပ်ကိုင်နေကာ စက်ရုံကို စစ်ဘက်ဆိုင်ရာ လုံခြုံတဲ့ နယ်မြေတစ်ခုအဖြစ် စနစ်တကျ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ SAC-M)

China South Industries Group Corporation နဲ့ သူ့ရဲ့ လက်အောက်ခံကုမ္ပဏီတွေဖြစ်တဲ့ Hunan Vanguardနဲ့ Chongqing Changan တို့ဟာ ကပစ- ၂၁ ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး နည်းပညာလွှဲပြောင်းပေးခြင်း၊ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း အင်ဂျင်နီယာအကူအညီ၊ ကပစ- ၂၁ ဝန်ထမ်းတွေကို ၂၀၁၂၊ ၂၀၁၅ နဲ့ ၂၀၁၉ ခုနှစ်တွေအတွင်း တရုတ်နိုင်ငံမှာ လေ့ကျင့်သင်ကြားပေးခြင်းအပြင် အွန်လိုင်းကနေ နည်းပညာပံ့ပိုးမှုများ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ၂၀၁၅ ခုနှစ်ကတည်း စတင်အသုံးပြုခဲ့တယ်ဆိုတဲ့ ၂၅၀ ကီလို CS/BBF1 FAE ဗုံးကို တရုတ်နိုင်ငံထဲမှာ ဒီဇိုင်းရေးဆွဲပြီး စျေးကွက်တင်ခဲ့တာဖြစ်သလို၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေအပါအဝင် အရပ်သားနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ရာမှာ စစ်တပ်ဟာ အဆိုပါ ကပစ ၂၁ ထုတ်ဗုံးတွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ SAC-M)

စစ်ကောင်စီရဲ့ ကပစ ၂၁ ကို ကူညီပံ့ပိုးနေတာဟာ တရုတ်နိုင်ငံရဲ့ အစိုးရအဆင့် ခွင့်ပြုချက်နဲ့ လုပ်ဆောင်တာဖြစ်တာကြောင့်၊ နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေး စံနှုန်းတွေကို ချိုးဖောက်နေတာ ဖြစ်နေတယ်လို့ဆိုပါတယ်။ ဒါ့အပြင်စစ်ရာဇဝတ်မှုတွေ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ အမှုဆောင်တွေအနေနဲ့လည်း နိုင်ငံတကာဥပဒေအရ တရားစွဲဆိုခံရနိုင်ခြေရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် တရုတ်အစိုးရပိုင် China South၊ Hunan Vanguard၊ Chongqing Changan နဲ့ ဆက်စပ်ကုမ္ပဏီတွေကို ပိတ်ဆို့ဒဏ်ခတ်အရေးယူဖို့၊ မြန်မာစစ်တပ်ကို နိုင်ငံခြားနည်းပညာ အထောက်အပံ့ အထူးသဖြင့် မိုက်ခရိုအီလက်ထရောနစ်များ ဝင်ရောက်မှု ပိတ်ပင်ဖို့နဲ့ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေကို နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က အကြံပြု တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ဘန်ကောက်မြို့လယ်စျေးတွင် ပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ချာထူချက် စျေးမှာ ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကတော့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

ထိုင်းမှာ မွေးတဲ့ကလေးတွေနဲ့ ရွှေ့ပြောင်းလုပ်သား ၅ သိန်းနီးပါးကို ထိုင်းအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေး

ထိုင်းနိုင်ငံမှာ ၁၉၈၄ ခုနှစ်ကတည်းက နေထိုင်လာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ထိုင်းမှာ မွေးတဲ့ ကလေးငယ်တွေ ၄၈၃,၀၀၀ ခန့်ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို ထိုင်းအစိုးရက အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
Read More

ဝေါ့ပါမစ် သက်တမ်းတိုးရာမှာ စလစ်ကြေး ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဝေါ့ပါမစ်သက်တမ်းတိုးရာမှာ တချို့သောအေဂျင်စီတွေပြောသလို စလစ်ကြေး ဘတ် ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးက ပြောဆိုကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား သံတမန်ညှိနှိုင်းမှုအဆင့်ကို ကျော်လွန်ကာ ဒုတိယမြောက်နေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့

နယ်စပ်အငြင်းပွါးမှု ပြဿနာကြီးထွားလာရာကနေ မနေ့က မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲဟာ ဒီနေ့မှာ ဆက်လက်ပြင်းထန်လာခဲ့ပါတယ်။
Read More

ပြည်တွင်းရေးစွက်ဖက်မှုအတွက် တရုတ်ကို သပိတ်မှောက်ဆန့်ကျင်ရေးတွေ ပြုလုပ်နေကြ

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို သဘောမကျတဲ့ မြန်မာပြည်သူတွေဟာ ဖက်စစ်တော်လှန် တရုတ်ကိုအန်တု ပြည်သူ့ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်နေကြပါတယ်။
Read More

အကျဥ်းသားနှင့် အာဆီယံ ကိုယ်စားလှယ် တွေ့ဆုံဖို့ ခွင့်ပြုချင်မှ ခွင့်ပြုမည်၊ ပြည်တွင်းရေး ဝင်မစွက်ဖက်ရန် ဇော်မင်းထွန်း သတိပေး

မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နိုင်ငံရေးအကျဥ်းသား မဟုတ်ဘဲ ရာဇဝတ်အကျဥ်းသားအဖြစ် အာဏာသိမ်းစစ်တပ်က ခေါင်းစဥ်တပ်လေ့ရှိပြီး အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အကျဥ်းသားတွေကို တွေ့ဆုံခွင့် ပေးမပေးဆိုတာဟာ သူတို့သဘောသာဖြစ်တယ်လို့ စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုပါတယ်။